တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်စည်ပြပွဲကျင်းပ

တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်စည်ပြပွဲကျင်းပ

တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်စည်ပြပွဲကျင်းပ

တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ အင်းယားလိတ်‌ဟိုတယ်ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ပြည်ပ အထည်ချုပ်လုပ်ငန်းရှင် အသင်းများဖြစ်သော Korea Garment Association in Myanmar ၊ Japan Garment Manufacturers Association in Myanmar ၊ Hong Kong Myanmar Manufacturers’ Association Limited တို့မှ တွဲဖက် ပံ့ပိုးကူညီကြောင်း သိရသည်။

အဆိုပါကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံမှ အမှတ်တံဆိပ် ၂၈ ခုနှင့် အထည်အလိပ်နှင့် အဝတ်အထည်၊ ဖိနပ်နှင့် အိတ် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ အဝတ်အထည်ဆိုင်ရာ စက်ပစ္စည်းလုပ်ငန်းရှင် ၁၀၀ ကျော်က ပြခန်းပေါင်း ၁၀၀ ကျော်တွင် ၎င်းတို့၏ ထုတ်ကုန်များကို ပြသလျက်ရှိသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်စည်ပြပွဲကျင်းပတရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်စည်ပြပွဲကျင်းပ
ထို့အတူ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံရှိ ပြည်ပ အထည်ချုပ်လုပ်ငန်းရှင် အသင်းများဖြစ်သော ကိုရီးယား၊ ဂျပန် ၊ ဟောင်ကောင်၊ အီးယူ၊ ဂျပန်နှင့် အခြားသောနိုင်ငံတကာအမှတ်တံဆိပ်များ၊ Made in Myanmar နိုင်ငံတကာထုတ်ကုန် အဝတ်အထည်များ၊ ဖိနပ်များ၊ အိတ်များကို ဖက်ရှင်ရှိုးအနေဖြင့် ပြသခဲ့ပြီး အာဆီယံနိုင်ငံများမှ အထည်ချုပ်လုပ်ငန်းရှင် ကိုယ်စားလှယ်များကလည်း အာဆီယံနိုင်ငံများ၏ အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍများကို ပါဝင်ပြသခဲ့ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/12/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84-2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6天前
下一篇 22小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....