ရှင်းကျန်းနံပြား

ရှင်းကျန်းနံပြား

ရှင်းကျန်းနံပြား

ရှင်းကျန်းဒေသ ဒေသတွင်းအထူးအစားအစာတွေအမျိုးစုံရှိတဲ့ထဲက ဒေသအခေါ်馕 Naan လို့တဲ့ နံပြား ကလည်း လူကြိုက်များထင်ရှားတဲ့ ဒေသအစားအစာတစ်ခုပဲဖြစ်ပါတယ်။ ရှင်းကျန်းနံပြားကို ဒေသခံတွေသာမက ခရီးသွားဧည့်သည်တွေပါ နှစ်နှစ်ခြိုက်ခြိုက်စားသုံးကြတာကို တွေ့ရပါတယ်။

ကျွန်တော် ရှင်းကျန်းဒေသကို ရောက်တဲ့အချိန်မှာ Naan ကိုစတွေ့တယ်ဆိုရင်ပဲ မြန်မာပြည်က နံပြားကို သတိရသွားပါတယ်။ ရှင်းကျန်းဒေသ Kashgar မြို့ကို စရောက်တဲ့နေ့မှာပဲ ရှေးဟောင်းမြို့ထဲမှာ နံပြားကို အလုအယက်ဝယ်ယူစားသုံးနေကြတဲ့သူတွေ အများအပြားတွေ့ခဲ့ရပါတယ်။ အဲဒီအချိန်ထိ ကျွန်တော်ကိုယ်တိုင်တော့ ရှင်းကျန်းနံပြားကို မစားဖူးသေးပါဘူး။ သူများတွေ အားပါးတရစားနေတာ တွေ့တော့လည်း စားချင်စိတ်ဖြစ်ပေါ်လာပါတယ်။ ရှင်းကျန်းရောက်မှတော့ နာမည်ကျော် ရှင်းကျန်းနံပြားကို စားဖူးသင့်တယ်မဟုတ်လား။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နံပြားကို နံနက်စာ သို့မဟုတ် အဆာပြေ အဖြစ် စားသုံးလေ့ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ နံပြားက ဂျုံမှုန့်ကိုအသုံးပြုကာ အပြားလိုက်ဖြစ်အောင်လုပ်ပြီး အပူပေးထားတဲ့အိုးကြီးထဲမှာ ဖုတ်ထားတာဖြစ်ပါတယ်။ ရှင်းကျန်းနံပြားလုပ်ပုံလုပ်နည်းက အခြေခံအားဖြင့် ကျွန်တော်တို့ဆီက နံပြားလုပ်ပုံလုပ်နည်းအတိုင်းပဲဖြစ်တာကို တွေ့ခဲ့ရပါတယ်။ သို့သော်လည်း ကျွန်တော်တို့ဆီက နံပြားကို အလွတ်စားသလို နံပြားကို ပဲပြုတ်ဆီဆမ်းနဲ့ တွဲဖက်စားသုံးလေ့ရှိပါတယ်။ တစ်ချို့တွေက ကြက်သားဟင်း၊ အမဲသား၊ ဆိတ်သားဟင်းအနှစ်တွေနဲ့လည်း တွဲဖက်ပြီး စားသုံးကြပါတယ်။

ရှင်းကျန်းနံပြားရှင်းကျန်းနံပြားရှင်းကျန်းနံပြားရှင်းကျန်းနံပြားရှင်းကျန်းနံပြားရှင်းကျန်းနံပြား

ရှင်းကျန်းနံပြားကို ကျွန်တော်တို့ဆီက နံပြားပါးပါးလေးထက် ထူထူထဲထဲဖြစ်တဲ့ ဗီဇာ လို့ဆိုရင် ပိုမှန်မယ် ထင်ပါတယ်။ သူရဲ့အမျိုးအစားက ၅၀ကျော်ရှိပါတယ်။ တစ်ချို့မှတ်တမ်းတွေမှာ အမျိုးအစား ၁၀၀ကျော်ရှိတယ်လို့လည်း ဆိုပါတယ်။ ပဲမျိုးစုံနဲ့လုပ်တာ၊ အစေ့အဆန်တွေနဲ့လုပ်တာ၊ အသားနဲ့လုပ်ထားတာ အစရှိသဖြင့် အရသာမျိုးစုံနဲ့ လုပ်ကြပါတယ်။ အရသာက ကြွပ်ရွပြီး ပေါင်မုန့်မီးကင်တစ်ချပ်စားရတာထက် ထူးခြားတဲ့အရသာတွေကို ခံစားရရှိနိုင်ပါတယ်။

ရှင်းကျန်းနံပြားက ဒေသနဲ့ဓလေ့ထုံးစံတွေပေါ်မူတည်ပြီး ပုံသဏ္ဍာန်မတူတာကိုလည်း တွေ့ရတယ်။ အဝိုင်းပုံကို အဓိကထားတွေ့ရတယ်ဆိုပေမယ့်လည်း ကြယ်ပုံသဏ္ဍာန်၊ ရှည်လျားလျားပုံသဏ္ဍာန်၊ လေးထောင်ဆန်ဆန်ပုံသဏ္ဍာန် စုံလို့ပါပဲ။ သူရဲ့ထူးခြားချက်တစ်ခုက မပျက်စီးဘဲ အချိန်အကြာကြီး သိမ်းဆည်းထားနိုင်တာကြောင့် ရှင်းကျန်းနံပြား Naan ကို သယ်ဆောင်ရလွယ်ကူတဲ့ အစာခြောက် အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ရှင်းကျန်းနံပြားဟာ အစားအစာတစ်ခုသာမက ယဉ်ကျေးမှုအမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်။

ဘဦး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/27/%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%94%e1%80%b6%e1%80%95%e1%80%bc%e1%80%ac%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5小时前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....