နယ်စပ်ကုန်စည်ပြပွဲမြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်

တရုတ်- ပေါင်စန်း-ထိန်ချုံး (၈)ကြိမ်မြောက် နယ်စပ်ကုန်စည်ပြပွဲနှင့် ဆက်စပ်အခမ်းနားများသို့ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်

နယ်စပ်ကုန်စည်ပြပွဲမြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်သည် အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲ၊ ထိန်ချုံးမြို့၌ ကျင်းပခဲ့သည့် တရုတ်- ပေါင်စန်း-ထိန်ချုံး (၈) ကြိမ်မြောက် နယ်စပ်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ယူနန်-ပေါင်စန်း-ထိန်ချုံးနှင့် မြန်မာနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲနှင့် သဘောတူစာချုပ် ချုပ်ဆိုပွဲ အခမ်းအနားများသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားများသို့ ပေါင်စန်းပြည်နယ်ခွဲ ပါတီကော်မတီဝင်နှင့် အမြဲတမ်း ဒုတိယ အုပ်ချုပ်ရေးမှူး၊ ထိန်ချုံးခရိုင်ပါတီ ကော်မတီအတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူး၊ ထိန်ချုံး ပြည်နယ်ပြည်သူ့အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတူးခေါင်နှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နယ်စပ်ကုန်စည်ပြပွဲမြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်နယ်စပ်ကုန်စည်ပြပွဲမြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်

အခမ်းအနားတွင် မြန်မာ- တရုတ် နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ ထိန်ချုံး-ဟိုချောင်-မြစ်ကြီးနားကားလမ်းနှင့် ကန်ပိုက်တီနယ်စပ်ဂိတ် အဆင့် မြှင့်တင်ရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ကာ ထိန်ချုံးမြို့ နိုင်ငံတကာ ကုန်သည်ကြီးများအသင်းနှင့် ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်း၊ ထိန်ချုံးခရိုင် ပြည်သူ့အစိုးရနှင့် Sichuan Zhongnonglan Agricultural Development Co.,Ltd ၊ ယူနန်ကျင်းရှင်းအထွေထွေ စိုက်ပျိုးရေးကုမ္ပဏီနှင့် ချန်းရင်းခူးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့မှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ အသီးသီးလက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။

အဆိုပါ နယ်စပ်ကုန်စည်ပြပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြီး တရုတ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံပေါင်း (၂၀) နိုင်ငံမှ ပြခန်းပေါင်း (၆၀၀) ကျော်က ခင်းကျင်းပြသရောင်းချရာ မြန်မာနိုင်ငံမှ စီးပွားရေးအသင်းအဖွဲ့လုပ်ငန်းရှင် စုစုပေါင်း(၇၄) ဦးမှ ပြခန်းပေါင်း (၁၂) ခန်း ပါဝင်ပြသထားကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/27/%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%85%e1%80%8a%e1%80%ba%e1%80%95%e1%80%bc%e1%80%95%e1%80%bd%e1%80%b2%e1%80%99%e1%80%bc%e1%80%94%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6小时前
下一篇 6小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....