အထွက်နှုန်းကောင်းပြီး ရောဂါဒဏ်ခံနိုင်သည့် ဖရဲမျိုးစိတ်သစ်များကို ရွေးချယ်စိုက်ပျိုးလာ

အထွက်နှုန်းကောင်းပြီး ရောဂါဒဏ်ခံနိုင်သည့် ဖရဲမျိုးစိတ်သစ်များကို ရွေးချယ်စိုက်ပျိုးလာ

အထွက်နှုန်းကောင်းပြီး ရောဂါဒဏ်ခံနိုင်သည့် ဖရဲမျိုးစိတ်သစ်များကို ရွေးချယ်စိုက်ပျိုးလာ

မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် အထူးကိုက်ညီမှုရှိပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်မြင့်မားသည့် အထွက်နှုန်းကောင်းသော F1 ဖရဲမျိုးစိတ်သစ်များကို ရွေးချယ်စိုက်ပျိုးလာကြောင်း သိရသည်။

ဖရဲမျိုးစိတ်သစ်များကို Nongwoo Seed Myanmar မှ တင်သွင်းဖြန့်ချိလျက်ရှိပြီး တရုတ်ဈေးကွက်သို့ တင်ပို့ရာတွင် စိုက်ပျိုးစရိတ် လျှော့ချနိုင်ရန်နှင့် တင်ပို့ရာတွင် စီးပွားရေးတွက်ခြေကိုက်ရန် အတွက် ဈေးကွက်အကြိုက် ဈေး ရရှိမှုကောင်းစေရန် အထွက်နှုန်း မြင့်မားသည့် ဖရဲမျိုးသစ်များကို ယခုနှစ်တွင် ပြောင်းလဲစိုက်ပျိုးလာကြခြင်းဖြစ်ကြောင်း အဆိုပါမျိုးစေ့ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ကိုချမ်းချမ်း က ပြောသည်။

ဖရဲမျိုးစေ့သစ်များမှာ Mekong 709 အကျားသီး၊ Black Jade 115 အမည်းသီး၊ Yellow King 125 အမည်းသီး ဖြစ်ပြီး Mekong 709 အကျားသီးမှာ စိုက်ပျိုးပြီး ၅၅-၆၀ရက် အတွင်းဆွတ်ခူးနိုင်ပြီး အသီး အလေးချိန် ၄-၆ ကီလိုဂရမ် ရှိသည်။ တစ်ပင်လျှင် နှစ်လုံးယူနိုင်ပြီး အသီးပုံသဏ္ဌာန်မှာ ဘဲဥပုံဖြစ်ကာ အတွင်းသားမှာ အနီရောင် ဖြစ်သည်။

အထွက်နှုန်းကောင်းပြီး ရောဂါဒဏ်ခံနိုင်သည့် ဖရဲမျိုးစိတ်သစ်များကို ရွေးချယ်စိုက်ပျိုးလာ

Black Jade 115 အမည်းသီးမှာ စိုက်ပျိုးပြီး ၅၈-၆၂ ရက်တွင် ဆွတ်ခူးနိုင်ပြီး အလေးချိန်မှာ ၄-၅ ကီလိုဂရမ်ရှိကာ တစ်ပင်လျှင် နှစ်လုံးယူနိုင်သည်။ အသီး ပုံသဏ္ဌာန်မှာ ဘဲဥပုံဖြစ်ပြီး အတွင်းသားမှာ အနီရောင်ဖြစ်သည်။

Yellow King 125 အမည်းသီးမှာ စိုက်ပျိုးပြီး ၅၀-၆၀ ရက် သားတွင် ဆွတ်ခူးနိုင်ပြီး အသီး အလေးချိန် ၃-၄ ကီလိုဂရမ်ရှိပြီး တစ်ပင်လျှင် နှစ်လုံးယူနိုင်သည်။ အသီးပုံသဏ္ဌာန်မှာ ဘဲဥပုံဖြစ်ပြီး အတွင်းသားမှာ အဝါရောင် ဖြစ်ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/27/%e1%80%a1%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%9b/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5小时前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....