အောက်တိုဘာလကုန်ရက်ပိုင်းတွင် ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး ဈေးအေးနေ

အောက်တိုဘာလကုန်ရက်ပိုင်းတွင် ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး ဈေးအေးနေ

အောက်တိုဘာလကုန်ရက်ပိုင်းတွင် ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး ဈေးအေးနေ

အောက်တိုဘာလကုန်ရက်ပိုင်းတွင် ပို့ကုန်မတ်ပဲ စံချိန်တင်ပေါက်ဈေး ဖြစ်လာသော်လည်း ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး ဈေးကျခပ်အေးအေးသာရှိနေကြောင်း ပဲ၊နှမ်း ကုန်သည်များ ထံက သိရသည်။

“ပို့ကုန်မတ်ပဲဈေးကတော့ စံချိန်တင်ပေါက်ဈေးတစ်အိတ်ကို  ၂၇၃၀၀၀ ကျပ် ဖြစ်လာပါတယ်။ နှမ်းဈေးတွေကတော့ အညာနှမ်းနယ်စုံဝင်လာလို့ ဈေးကျဆင်းနေပါတယ်။ မြေပဲဆန်လည်း ဈေးကျနေတာ ကနေ ရပ်သွားပါတယ်။ တရုတ်လိုင်း အဝယ်မရှိတာရယ်၊ အသစ်ဝင်ရောက်မှုများလာတာရယ်တွေရှိလို့ လက်ရှိမှာ ဈေးကျဆင်းနေပါတယ်။ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး သုံးသပ်ရရင် ဈေး ခပ်အေးအေးသာ ရှိနေပါတယ်” ဟု ရွှေစင်သိန်း ပွဲရုံမှ ဦးကျော်သွင် ကပြောသည်။

အောက်တိုဘာ ၂၆ရက်တွင် သုံးတင်းဝင်မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ်၂၇၃၀၀၀ ပေါက်ဈေးဖြင့် စံချိန်တင်ပေါက်ဈေး ဖြစ်လာသော်လည်း ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀ ထိ ဈေးကျဆင်းသွားပြီး ပဲတီစိမ်း အညာ ၅၆ ဒသမ ၂၅ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်လာပြီး အောက်တိုဘာ ၁၉ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၄၀၀၀  ပေါက်ဈေးဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၁၅၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း) တစ်ပိဿာလျှင် ငွေကျပ် ၆၁၀၀ ပေါက်ဈေးရှိသည်။

နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် သိသိသာသာ ဈေးမြင့်တက်လာရာ နှမ်းဖြူ (ဂျပန်) ၄၅ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ နှမ်းညို(သစ်) တစ်အိတ်လျှင် ငွေကျပ်၂၈၅၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀ ပေါက်ဈေးရှိကြောင်း ဈေးကွက်သတင်းအချက်အလက်များအရ သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/27/%e1%80%a1%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%98%e1%80%ac%e1%80%9c%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%9b%e1%80%80%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5小时前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....