မြန်မာ-ရုရှားခရီးသွားမြှင့်တင်ရေးခရီးစဉ်အားကြိုဆို

မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် အစီအစဉ်ဖြင့် ရောက်ရှိလာသည့် ကိုယ်စားလှယ်များအား မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆို

မြန်မာ-ရုရှားခရီးသွားမြှင့်တင်ရေးခရီးစဉ်အားကြိုဆို

ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီးဌာနမှ မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip-FAM Trip) အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်သည့် ခရီးစဉ်တွင်လိုက်ပါလာသည့် ရုရှားခရီးသွားကိုယ်စားလှယ်များအား မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်၍ အမှတ်တရပန်းစည်းပေးအပ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာကြခြင်းဖြစ်ပြီး ကြိုဆိုပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် စီးပွားရေးရာဝန်ကြီး၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ဒုတိယဥက္ကဌ Mr. Alexander OSTROVSKIY နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ စီးပွားရေးကိုယ်စားလှယ် Mr. Vladimir Kazadaev ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြန်မာ-ရုရှားခရီးသွားမြှင့်တင်ရေးခရီးစဉ်အားကြိုဆို

အခမ်းအနားတွင် ပြည်တောင်စုဝန်ကြီး က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းနှင့် ပူးပေါင်း၍ “Welcome Russia Program in Myanmar” အစီအစဉ်ကို မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုသိရှိလာရောက် လည်ပတ်စေရန်နှင့်   မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများကို ရုရှားခရီးသွားဈေးကွက်တွင် မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ် ဒေသများဖြစ်သော ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ကော့သောင်း၊ ငပလီ၊ ငွေဆောင်အစရှိသည့် ခရီးစဉ်ဒေသများကို သွားရောက်လည်ပတ်ကြမည်ဖြစ်ရာ ဒေသအလိုက် ခရီးသွား ဆွဲဆောင်မှုများ နှင့် အတွေ့အကြုံများ၊ ရိုးရာအစားအစာများကို ခံစားမြည်းစမ်းကြရမှာ ဖြစ်ကြောင်း ပြောကြားသွားသည်။

အဆိုပါ FAM Trip ခရီးစဉ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လိုင်စင်ရပြည်ပခရီးစဉ်ဆောင်ရွက်သူများ၊ သတင်းနှင့်ရုပ်သံဌာနတို့မှ ကိုယ်စားလှယ်(၄၃)ဦးတို့ ပါဝင်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကို၊ ဗလာဒီဗော့စတော့၊ နိုဗိုစီဗစ်နှင့် ဆိုက်ဘေးရီးယား၊ အီတာရင်ဘတ် အစရှိသော ဒေသများက ခရီးသွားကုမ္ပဏီများနှင့် မီဒီယာများမှ ကိုယ်စားလှယ်များပါဝင်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/27/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%9b%e1%80%af%e1%80%9b%e1%80%be%e1%80%ac%e1%80%b8%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%99%e1%80%bc/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 27, 2023 6:21 下午
下一篇 1天前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....