ဧရာဝတီမြစ် မြေနုကျွန်းများတွင် ကန်စွန်းဥ ပိုမိုစိုက်ပျိုးလာ

ဧရာဝတီမြစ် မြေနုကျွန်းများတွင် ကန်စွန်းဥ ပိုမိုစိုက်ပျိုးလာ

ဧရာဝတီမြစ် မြေနုကျွန်းများတွင် ကန်စွန်းဥ ပိုမိုစိုက်ပျိုးလာ

ဆောင်းစိုက်သီးနှံအဖြစ် ဧရာဝတီမြစ်ရေကျဆင်းသွားချိန် အောင်တိုဘာလမှစတင်ကာ မြေနုကျွန်းစိုက်ပျိုးမြေများ မြေပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီး စိုက်ပျိုးချိန်တွင် ဈေးကွက်အလားအလာကောင်းသည့် သီးနှံကိုရွေး ချယ်စိုက်ပျိုးလေ့ရှိရာ ယခုနှစ်တွင် ကန်စွန်းဥကို ပိုမိုစိုက်ပျိုးထားကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် အောက်တိုဘာလဆန်းပိုင်းက စတင်ကျဆင်းလေ့ရှိပြီး ရေကျသည်နှင့် စိုက်ပျိုးရန်မြေပြင်များကို ဆောင်ရွက်ထားရှိပြီး မြေပဲ၊ ပဲထောပတ်၊ ဟင်းသီးဟင်းရွက်၊ တိုင်ထောင်ပဲ၊ ပြောင်းချို၊ ငရုတ်၊ ဘူးသီး၊ ချဉ်ပေါင် အစရှိသည်များကို ဈေးကွက်အလားအလာပေါ် မူတည်ပြီး ပိုမိုစိုက်ပျိုးသင့်သည့် သီးနှံကို ရွေးချယ်စိုက်ပျိုးလေ့ရှိကြခြင်းဖြစ်သည်။

ယခုနှစ် မြေနုကျွန်း စိုက်ပျိုးမြေများပြုပြင်ရာတွင် တစ်ဧက စက်မောင်းခ ငွေကျပ် ၈၀၀၀၀-၈၅၀၀ဝ ခန့်ကုန်စရိတ်ရှိပြီး စိုက်ပျိုးသည့် သီးနှံပေါ်မူတည်၍ မြေဆီ သုံးစွဲမှု တစ်အိတ်၊ နှစ်အိတ် စသဖြင့် သုံးစွဲ ရကြောင်း၊ ကန်စွန်းဥစိုက်ပျိုးစရိတ်မှာ ငွေကျပ် ၇၀၀၀၀၀-၇၅၀၀၀ဝ ခန့်ကုန်ကျလေ့ရှိပြီး ကုန်ချိန် ပိဿာ ၃၀၀ဝ ခန့်ထွက်ရှိကာ တစ်ပိဿာငွေကျပ် ၈၀၀ အနည်းဆုံးရရှိခြင်းကြောင့် တစ်ဧကလျှင်ငွေကျပ် ၂၄သိန်းခန့် ပြန်လည်ရရှိသဖြင့် တောင်သူများ ပိုမိုစိုက်ပျိုးလာခြင်းဖြစ်ကြောင်း သံဘိုကျွန်းရွာမှ ကန်စွန်းဥ စိုက်တောင်သူ ဦးခင်မောင်ရင်က ပြောသည်။

“ကန်စွန်းဥက မနှစ်က တစ်ပိဿာ ငွေကျပ် ၈၀၀ အနည်းဆုံး ရောင်းရတယ်။ ဒီနှစ်ကျွန်းပေါ်မှာ ကန်စွန်းဥကို ပိုစိုက်တာများတော့ ဈေးကျမှာလည်း စိုးရိမ်ရတယ်” ဟု ၎င်းက ပြောသည်။

ယခင်နှစ်များက မြေပဲဆန် မှာ ဈေးကောင်းရရှိခဲ့သကဲ့သို့ ကန်စွန်းဥမှာလည်း ဈေးကောင်းရရှိခြင်းကြောင့် တောင်သူများ အဆင်ပြေခဲ့ကြသည်။

ယခုနှစ်တွင် မြေပဲဆန်ဈေးမှာ ဈေးကွက်ကျဆင်းနေခြင်းကြောင့် ဈေးကွက်အလားအလာ ကောင်းနိုင်သည့် ကန်စွန်းဥကို မြေနုကျွန်းစိုက်ပျိုးများတွင် ပိုမို စိုက်ပျိုးလာခြင်းဖြစ်ကြောင်းလည်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/11/02/%e1%80%a7%e1%80%9b%e1%80%ac%e1%80%9d%e1%80%90%e1%80%ae%e1%80%99%e1%80%bc%e1%80%85%e1%80%ba-%e1%80%99%e1%80%bc%e1%80%b1%e1%80%94%e1%80%af%e1%80%80%e1%80%bb%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 14分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....