ရှင်းကျန်းဒေသက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကောင်းကင်ယံတောင်တန်းနှင့်နတ်ရေကန်

ရှင်းကျန်းဒေသက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကောင်းကင်ယံတောင်တန်းနှင့်နတ်ရေကန်

ရှင်းကျန်းဒေသက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကောင်းကင်ယံတောင်တန်းနှင့်နတ်ရေကန်

ရှင်းကျန်းဒေသက ကောင်းကင်ယံတောင်တန်း (Tian Shan) ကောင်းကင်ဘုံရေကန် – နတ်ရေကန် (Tian Chi) ဟာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အပန်းဖြေနေရာတစ်ခုဖြစ်ပြီး ခရီးသွားတွေ အသွားများလာတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာ Tianshan Tianchi ကို နိုင်ငံတော်အမျိုးသား 5A အဆင့် ခရီးသွားနေရာအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၃ မှာ အမျိုးသားဘူမိဗေဒဆိုင်ရာ ဥယျာဉ်များအဆင့်၊ ၂၀၁၃ ခုနှစ်မှာပဲ ယူနက်စကိုကနေ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းခံရပါတယ်။

ဆီးနှင်းဖုံးနေတဲ့တောင်တွေ၊ အနီရောင်တောင်တန်းတွေရှိတဲ့ Tianshan ကောင်းကင်ယံတောင်တန်းက တရုတ်နိုင်ငံထဲမှာသာမဟုတ်ဘဲ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်နှင့် ကာဂျစ္စတန်နိုင်ငံတို့နဲ့လည်း ဆက်စပ်နေပါတယ်။ လှပတဲ့ရှုခင်းမြင်ကွင်း အမြင်အာရုံသက်ရောက်မှုကို တောင်တန်းဒေသတွေနဲ့ ကျယ်ပြန့်သောဗဟိုအာရှသဲကန္တာရများအကြား၊ ခြောက်သွေ့တဲ့တောင်စောင်းတွေနဲ့ အလွန်စိုစွတ်တဲ့မြောက်ဘက်တောင်စောင်းတွေအကြားမှာ ပြင်းထန်တဲ့ခြားနားမှုများက အားဖြည့်ပေးထားပါတယ်။

ရှင်းကျန်း Tianshan ကောင်းကင်ယံတောင်တန်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်သန်းခွဲကျော်က ရှားပါးပြီး မျိုးသုဉ်းလုနီးပါးမျိုးစိတ်ပေါင်း ၄၇၇ မျိုးနဲ့ မျိုးသုဉ်းသောအပင်များနဲ့ တိရိစ္ဆာန် ၁၄၀ မျိုးအပါအဝင် ထူးခြားတဲ့မျိုးစိတ်များနေထိုင်ရာ နေရာဖြစ်တယ်လို့လည်းဆိုထားပါတယ်။

ရှင်းကျန်း Tian Shan ကောင်းကင်ယံတောင်တန်းတွေထဲမှာ Bogda Peak က အမြဲတမ်းနှင်းဖုံးနေပြီး ကောင်းကင်ယံတောင်တန်းနဲ့အတူ လိုက်ဖက်တင့်တယ် ပနံရနေတာကတော့ ကောင်းကင်ဘုံရေကန် နတ်ရေကန် (Tian Chi) ဖြစ်ပါတယ်။ ကောင်းကင်ဘုံရေကန် နတ်ရေကန် (Tian Chi)က Urumqi မြို့ရဲ့ အရှေ့ဘက် ၁၁၀ ကီလိုမီတာ (68 မိုင်) ခန့်မှာ တည်ရှိပြီး ဧရိယာအားဖြင့် 4.9 စတုရန်းကီလိုမီတာ (1.89 စတုရန်းမိုင်) ရှိပါတယ်။

ရှင်းကျန်းဒေသက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကောင်းကင်ယံတောင်တန်းနှင့်နတ်ရေကန်ရှင်းကျန်းဒေသက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကောင်းကင်ယံတောင်တန်းနှင့်နတ်ရေကန်ရှင်းကျန်းဒေသက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကောင်းကင်ယံတောင်တန်းနှင့်နတ်ရေကန်ရှင်းကျန်းဒေသက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကောင်းကင်ယံတောင်တန်းနှင့်နတ်ရေကန်ရှင်းကျန်းဒေသက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကောင်းကင်ယံတောင်တန်းနှင့်နတ်ရေကန်ရှင်းကျန်းဒေသက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကောင်းကင်ယံတောင်တန်းနှင့်နတ်ရေကန်ရှင်းကျန်းဒေသက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကောင်းကင်ယံတောင်တန်းနှင့်နတ်ရေကန်ရှင်းကျန်းဒေသက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကောင်းကင်ယံတောင်တန်းနှင့်နတ်ရေကန်ရှင်းကျန်းဒေသက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကောင်းကင်ယံတောင်တန်းနှင့်နတ်ရေကန်ရှင်းကျန်းဒေသက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကောင်းကင်ယံတောင်တန်းနှင့်နတ်ရေကန်ရှင်းကျန်းဒေသက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကောင်းကင်ယံတောင်တန်းနှင့်နတ်ရေကန်

သူက ရှေးဟောင်း ရေခဲမြစ်တွေဖန်တီးထားတဲ့ ရေကန်၊ ဆီးနှင်းတွေ အရည်ပျော်ပြီး ဖြစ်လာတဲ့ရေကန်မို့ ကြည်လင်သောရေ ဖြစ်နေပါတယ်။ နွေရာသီမှာဆိုရင် တောင်ပေါ်ရေခဲမြစ်ဖြစ်တဲ့ ကောင်းကင်ဘုံရေကန်က အေးမြတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်နေပြီး ရေကန်မှာလှေစီးပြီး ငွေရောင်တောင်တန်းတွေ၊ စိမ်းလန်းစိုပြေတဲ့ မြက်ခင်းပြင်တွေနဲ့ လှပကျက်သရေရှိတဲ့ တောပန်းပင်တွေကို တောင်စောင်းတစ်လျှောက်မှာ တွေ့မြင်နိုင်ပါတယ်။ နေဝင်ရီတရောအချိန်မှာဆိုရင် ရောင်စုံလှပနေတဲ့ သဘာဝအရောင်တွေက ဖမ်းစားနေမှာဖြစ်ပြီး ပျော်ရွှင်မှုတွေ လွမ်းဆွတ်မှုတွေကို ခံစားကြရစေမှာဖြစ်ပါတယ်။

ဒဏ္ဍရီဆန်ပြီး နတ်ဘုံနတ်နန်းအလား လှပနေတဲ့ ကောင်းကင်ယံတောင်တန်း (Tian Shan) ကောင်းကင်ဘုံရေကန် နတ်ရေကန် (Tian Chi)ကို သွားရောက်လည်ပတ် အပန်းဖြေဖို့ အကောင်းဆုံးအချိန်က နွေရာသီလများဖြစ်ပြီး အထူးသဖြင့် ဇွန်လဖြစ်တယ်လို့ဆိုပါတယ်။

ဘဦး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/11/02/%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9e%e1%80%80-%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%95%e1%80%ba%e1%80%9b%e1%80%be/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....