မုံရွာတွင်သံဃာ့မဟာပဝါယဏာပွဲကြီးကို ကျင်းပမည်

မုံရွာမြို့တွင် ပထမအကြိမ် သံဃာ့မဟာပဝါယဏာပွဲကြီးကို သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပမည်

မုံရွာတွင်သံဃာ့မဟာပဝါယဏာပွဲကြီးကို ကျင်းပမည်

မုံရွာမြို့ ၊ ဝိနယနုဂ္ဂဟအသင်းက ဦးဆောင်ပြီး ပထမအကြိမ် သံဃာ့မဟာပဝါယဏာပွဲကြီးကို အောက်တိုဘာလ(၂၉)ရက်၊ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်၊ ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မုံရွာမြို့၊ ရွှေကျင်နိကာယကျောင်းတိုက် (၃၇)တိုက်ရှိ ရဟန်းတော်ပေါင်း(၃၃၈)ပါး စုပေါင်းပြီး ပထမဆုံးအကြိမ် သံဃာ့မဟာပဝါယဏာပွဲကြီးကို ကျင်းပသွားမည်ဖြစ်ကြောင်း မုံရွာမြို့၊ အလယ်ရပ်၊ ရွှေကျင်ဓမ္မာရုံကျောင်းတိုက်ဆရာတော် ဥူးဥာနဂ္ဂထံမှ သိရသည်။

မုံရွာတွင်သံဃာ့မဟာပဝါယဏာပွဲကြီးကို ကျင်းပမည်

“ဝိနယနုဂ္ဂဟအသင်းက ဦးဆောင်ပြီး ဝိနည်းပြန်ဌာနမှာ စာပြန်ပွဲမကျင်းပနိုင်တာ (၄)နှစ်လောက်ရှိနေပြီဆိုတော့ ရွှေကျင်နိကာယဝင်သံဃာတော်များ စုစည်းတဲ့အနေနဲ့၊ ညီညွတ်တဲ့အနေနဲ့ သံဃာ့ညီညွတ်ရေးကို ဦးစားပေးပြီး ပြုလုပ်တဲ့ သံဃာ့မဟာပဝါရဏာပွဲကြီး ဖြစ်ပါတယ်။ သိမ်အခက်အခဲရှိတဲ့အတွက် မုံရွာတစ်မြို့နယ်လုံး ရွှေကျင်နိကာယဝင်( ၇၂ )ကျောင်းရှိတဲ့အနက် တစ်မြို့နယ်လုံးမလုပ်နိုင်ဘဲ မုံရွာစည်ပင်သာယာနယ်နိမိတ်က ကျောင်းပေါင်း (၃၇) ကျောင်းက ရဟန်းသံဃာတော်( ၃၃၈)ပါးတို့ စုပေါင်းပဝါရဏာပြုကြမှာ ဖြစ်ပါတယ်။ သံဃာ(၄၀၀)ကျော်လောက်ဆန့်တဲ့သိမ်က မုံရွာမြို့မှာမရှိတဲ့အတွက် ကျောင်းတိုက်ကို ပိုင်းခြားဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ဥူးဥာနဂ္ဂ ကမိန့်ကြားသည်။

ဟိုးယခင်က ရဟန်းသံဃာတော်များ ဝါတွင်းကာလတွင် တစ်ပါးနှင့်တစ်ပါး စကားမပြောကြေးဆိုပြီး ကတိကဝတ်ထား ပြုကျင့်ခဲ့ကြသည်ကို မြတ်စွာဘုရားကသိပြီ စကားမပြောသည့်အမူအကျင့်သည် တိရိစ္ဆာန်များ၏ အမူအကျင့်ဖြစ်ရာ ကောင်းတဲ့အကျင့်မဟုတ်ကြောင်း၊ စကားမပြောဘဲနေကြခြင်းအပေါ် ဘုရားက နှစ်သက်တော်မမူသည့်အတွက် မြတ်စွာဘုရားသည် သီတင်းဝါလကျွတ်သည့်အခါ တစ်ပါးနှင့်တစ်ပါး အပြစ်ရှိလျှင်သော်လည်းကောင်း၊ အပြစ်ရှိတာကိုမြင်လျှင်၊ ကြားလျှင်၊ မြင်ယုံကြားယုံမဟုတ်ဘဲနှင့် ယုံမှားသံသယရှိလျှင်တောင်မှ တပည့်တော်ကို ဆုံးမပါဘုရားဟု တစ်ပါးနှင့်တစ်ပါး ဆုံးမရန် ဖိတ်မန္တက ပြုခြင်းကို ပဝါရဏာပြုသည်ဟုခေါ်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/27/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%9e%e1%80%b6%e1%80%83%e1%80%ac%e1%80%b7%e1%80%99%e1%80%9f%e1%80%ac%e1%80%95%e1%80%9d%e1%80%ab%e1%80%9a/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5小时前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....