ဆက်သွယ်ရေးလိမ်လည်မှုများ ပူးတွဲတိုက်ဖျက်ရေး တရုတ်-မြန်မာ ဆွေးနွေး

ဆက်သွယ်ရေးလိမ်လည်မှုများ ပူးတွဲတိုက်ဖျက်ရေး တရုတ်-မြန်မာ ဆွေးနွေး

ဆက်သွယ်ရေးလိမ်လည်မှုများ ပူးတွဲတိုက်ဖျက်ရေး တရုတ်-မြန်မာ ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် အောက်တိုဘာလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

နှစ်ဦးနှစ်ဖက်က လတ်တလော မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိမ်လည်မှု ပူးတွဲတိုက်ဖျက်ရေး လှုပ်ရှားမှု ထိရောက်မှုများကို တက်တက်ကြွကြွဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်သည့်လှုပ်ရှားမှုများ နောက်ဆုံးအခြေအနေကို လေ့လာခဲ့ကြသည်။ သံအမတ်ကြီး Mr. Chen Hai က တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးလိမ်လည်မှု အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်သည့် လှုပ်ရှားမှုများအား ပြတ်ပြတ်သားသား တိုက်ဖျက်သည့် သဘောထားကို အလေးထားပြောကြားခဲ့ပြီး တရုတ်နိုင်ငံလက်တလောတွင် လုပ်ဆောင်ခဲ့သော အားကောင်းသည့်အစီအမံများကို မိတ်ဆက်ပေးခဲ့သည်။

သံအမတ်ကြီး Mr. Chen Hai က စက်တင်ဘာလမှစ၍ မြန်မာနိုင်ငံမြောက်ပိုင်းမှ ဆက်သွယ်ရေးလိမ်လည်မှုနှင့် ပတ်သက်သည့် ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၅၀၀၀ နီးပါးကို တရုတ်နိုင်ငံရဲဘက်သို့ လွှဲပြောင်းပေးခြင်းနှင့်စပ်လျဉ်း၍ ချီးကျူးကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်၍ သက်ဆိုင်ရာ တိုက်ဖျက်ရေးလှုပ်ရှားမှုများကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်ပြီး နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဦးသန်းဆွေတို့က မြန်မာနိုင်ငံသည် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုစသည့် ပြစ်မှုကျူးလွန်သော လှုပ်ရှားမှုများ၏ ဆိုးရွားသောထိခိုက်မှုကို အလွန်အလေးထားကြောင်း၊ ၎င်းနှင့်စပ်လျဉ်းပြီး သဘောထားကို တရုတ်နိုင်ငံဘက်နှင့် အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်မှုများ တိုက်ဖျက်သည့်လှုပ်ရှားမှုကို တက်တက်ကြွကြွ တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်က ဌာနအသီးသီးနှင့်ညှိနှိုင်း၍ မြန်မာ-တရုတ်နှစ်ဦးနှစ်ဖက်က အခြားသက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနှင့်အတူ ရရှိသည့်သဘောတူညီချက်များကို တစ်ဆင့်တိုး အကောင်အထည်ဖော်ဆောင်ကာ ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဖော်ဆောင်ပြီး နှစ်နိုင်ငံပြည်သူများ လုံခြုံရေးနှင့် အကျိုးစီးပွား ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဒေသတွင်း ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သည့်ပတ်ဝန်းကျင် ဖန်တီးပေးရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/27/%e1%80%86%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%9a%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%9c%e1%80%ad%e1%80%99%e1%80%ba%e1%80%9c%e1%80%8a%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%99%e1%80%bb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5小时前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....