တရုတ်နိုင်ငံမှ ကြီးမှူးဖွင့်လှစ်သည့် မြန်မာနိုင်ငံဝါးလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး မွမ်းမံသင်တန်းဖွင့်လှစ်
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးပြီး အပြည်ပြည်ဆိုင်ရာ ဝါးနှင့်ကြိမ်လုပ်ငန်းအဖွဲ့ (ICBR) မှ တာဝန်ခံကျင်းပသည့် မြန်မာနိုင်ငံဝါးလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး မွမ်းမံသင်တန်းကို အောက်တိုဘာလ ၃ ရက်နေ့တွင် အွန်လိုင်းမှဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu က တရုတ်နိုင်ငံဝါးလုပ်ငန်းသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် အင်အားကြီးလာကာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အတွင်း၌ မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်း ဖြစ်လာပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဝါးအရင်းအမြစ် ပြည့်စုံကြွယ်ဝပြီး ဝါးလုပ်ငန်းဧရိယာသည် စတုရန်းကီလိုမီတာ ၁၈၀၀၀ ခန့်ရှိကာ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကြီးမားကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ဝါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံနှင့် ရလဒ်များကို မျှဝေလိုပြီး မြန်မာနိုင်ငံက မိမိနိုင်ငံ၏ ဝါးအရင်းအမြစ်အားသာချက်ကို အပြည့်အဝ အသုံးပြုရန် ကူညီပေး၍ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် ထောက်ပံ့ပေးကာ ပြည်သူများ အကျိုးစီးပွားခံစားရမှုကို အဆက်မပြတ် တိုးမြှင့်သွားလိုကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံမှူးကြီး ဒေါ်ဇင်မာထွေးက တရုတ်နိုင်ငံက မွမ်းမံသင်တန်း ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် မှီငြမ်းအတုယူရန် အတွေ့အကြုံများ ထောက်ပံ့ပေးခြင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ ဝါးအသုံးပြုရန် နည်းလမ်းကျယ်ပြန့်၍ ဝါးလုပ်ငန်းသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်သည့် အစိမ်းရောင်လုပ်ငန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဝါးအရင်းအမြစ်အားသာချက် သိသာထင်ရှားကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံက နည်းပညာကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ ဝါးလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး ဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ်သင်တန်းကာလမှာ ၂၁ ရက်ဖြစ်ပြီး ဝါးမျှစ်စိုက်ပျိုးရေးအချောကိုင်ရေးနှင့် သစ်တောစီးပွားရေး (Under-forest Economy)၊ ကြိမ်ရက်လုပ်ခြင်းအနုပညာ၊ ဝါးဖြင့်ပြုလုပ်သောအပြား၊ ဝါးအဆောက်အအုံစသည့်သင်ခန်းစာများပါဝင်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
မြသုခ
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/09/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%9d%e1%80%ab%e1%80%b8%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%84%e1%80%94/