အယ်လ်နီညိုကြောင့်မထိခိုက်ရန်ကြိုတင်ပြင်ဆင်လျက်ရှိ

အယ်လ်နီညိုကြောင့် စိုက်ပျိုးရေးကဏ္ဍ မထိခိုက်ရန် စစ်ကိုင်းတိုင်းဒေသကြီးတွင် ကြိုတင်ပြင်ဆင်လျက်ရှိ

အယ်လ်နီညိုကြောင့်မထိခိုက်ရန်ကြိုတင်ပြင်ဆင်လျက်ရှိ

အယ်လ်နီညိုကြောင့် စိုက်ပျိုးရေးကဏ္ဍ မထိခိုက်ရန် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူများကို ကျယ်ကျယ်ပြန့်ပြန့် နည်းပညာပေးဆောင်ရွက်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မာမာဦး ထံကသိရသည်။

“အယ်လ်နီညိုကြောင့် စိုက်ပျိုးရေးကဏ္ဍ မထိခိုက်ရအောင် ခရိုင်၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ တောင်သူတွေကို အယ်လ်နီညိုနဲ့ပတ်သက်တဲ့ နည်းပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒေါက်တာတင်မာမာဦး ကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိူးရာသီတွင် စပါးသီးနှံ ဧက ၁၈သိန်း၁သောင်းကျော်၊ ဆီထွက်သီးနှံဧက ၈သိန်းကျော်၊ ပဲမျိုးစုံဧက ၁၀သိန်းကျော်၊ ဝါမျိုးစုံဧက ၇သောင်းကျော်၊ ကြံဧက ၁သိန်း၃သောင်းကျော်နှင့် အခြားသီးနှံ ဧက ၁၄သိန်းခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စုစုပေါင်း မိုးသီးနှံဧက ၅၂သိန်းကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အယ်လ်နီညိုကြောင့်မထိခိုက်ရန်ကြိုတင်ပြင်ဆင်လျက်ရှိ

“ဒီဖြစ်စဥ်ဟာ တောင်သူတွေနဲ့ ဆက်စပ်နေတဲ့အတွက် ကြိုတင်သိရှိမှသာ ပြင်ဆင်လို့ရအောင် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့  ၂၀၂၃ ခုနှစ်မှာ အယ်လ်နီညိုဖြစ်စဥ်အကြို မိုးလေဝသဖြစ်စဥ်တွေကို ထုတ်ပြန်ပေးနေသလို သတင်းအချက်အလက်တွေကို ဖြန့်ဖြူးပေးနေပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်း ရေလိုအပ်မှုနည်းတဲ့ သီးနှံတွေပြောင်းလဲစိုက်ပျိုးဖို့၊ သီးနှံပုံစံတွေပြောင်းလဲစိုက်ပျိုးဖို့၊ သက်တမ်းတိုမျိုးတွေ စိုက်ဖို့ ဆောင်ရွက်နေပါတယ်။ စစ်ကိုင်းတိုင်းမှာ အဓိကစိုက်ပျိုးနေတဲ့ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ အပါအဝင် သီးနှံမျိုးစုံမှာ အပူဒဏ်ခံမျိုးတွေ စိုက်ပျိုးဖို့ နှိုးဆော်နေပါတယ်”ဟု ဒေါက်တာတင်မာမာဦး ကပြောသည်။

ကမ္ဘာတစ်ဝှမ်းလုံးတွင် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း အယ်လ်နီညိုရာသီဥတုကို ခံစားရမည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထုတ်ပြန်ထားသည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုမရှိစေရေး အတွက် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/27/%e1%80%a1%e1%80%9a%e1%80%ba%e1%80%9c%e1%80%ba%e1%80%94%e1%80%ae%e1%80%8a%e1%80%ad%e1%80%af%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b7%e1%80%99%e1%80%91%e1%80%ad%e1%80%81%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5小时前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....