နိုင်ငံတကာမုန့်လုပ်နည်းများ အခမဲ့သင်တန်း လျှောက်လွှာခေါ်ယူလျက်ရှိ

နိုင်ငံတကာမုန့်လုပ်နည်းများ အခမဲ့သင်တန်း လျှောက်လွှာခေါ်ယူလျက်ရှိ

နိုင်ငံတကာမုန့်လုပ်နည်းများ အခမဲ့သင်တန်း လျှောက်လွှာခေါ်ယူလျက်ရှိ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးအစီစဉ်ဖြင့် ပြုလုပ်သည့် အခြေခံမုန့်ဖုတ်နည်းသင်တန်း (Bakery and Pastry Training Course)ကို အခမဲ့ သင်ကြားပေးလျက်ရှိရာ သင်တန်းအပတ်စဉ် ၅ နှင့် ၆ အတွက် လျှောက်လွှာများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (ရန်ကုန်) ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ပြီး နိုင်ငံတကာမုန့်အမျိုးအစားပေါင်း ၄၈ မျိုး ပြုလုပ်နည်းများ ပါဝင်မည်ဖြစ်သည်။

သင်တန်းအပတ်စဉ် တစ်ခုလျှင် သင်တန်းသားဦးရေ ၂၀ ဦး သတ်မှတ်ထားကာ ဝင်ခွင့်လျှောက်ထားသူများသည် အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်းရှိသည့် အခြေခံပညာအလယ်တန်းအောင်ပြီးသူဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

လျှောက်ထားလာသူများကို ပဏာမစစ်ဆေးခြင်း(Screening Test)၊ လူတွေ့စစ်ဆေးခြင်းများဖြင့် အဆင့်ဆင့်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။

သင်တန်းကာလကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းသတ်မှတ်ထားကာ တနင်္လာနေ့မှ သောကြာနေ့အထိ သင်ကြားရမည်ဖြစ်ပြီး တစ်ရက်လျှင် သင်ကြားချိန် ၆နာရီနှုန်းဖြင့် စုစုပေါင်းနာရီ (၁၂၀)ကြာမြင့်မည်ဖြစ်သည်။

တက်ရောက်လိုသူများအနေဖြင့် သင်တန်းလျှောက်လွှာများကို QR Code ဖတ်၍လည်းကောင်း၊ https//moht.qrd.by/applicationform တွင်လည်းကောင်း Download ရယူ၍ tts.bakery4042@gmail.com (သို့မဟုတ်) အမှတ်(၄၀/၄၂) ၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (CTI) သို့ အောက်တိုဘာလ (၃၁)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/27/%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%90%e1%80%80%e1%80%ac%e1%80%99%e1%80%af%e1%80%94%e1%80%b7%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%94%e1%80%8a%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5小时前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....