ပြည်သူ့အချစ်တော် ဆင်မကြီး မိုမို၏ အသက် ၇၀ နှစ်ပြည့် မွေးနေ့ပွဲကျင်းပ

ပြည်သူ့အချစ်တော် ဆင်မကြီး မိုမို၏ အသက် ၇၀ နှစ်ပြည့် မွေးနေ့ပွဲကို အောက်တိုဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်း ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ခမ်းခမ်းနားနားကျင်းပကြောင်း သိရသည်။

ဆင်မကြီးမိုမို မွေးနေ့ပွဲတွင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ရှိ ဆင်အပေါင်းအပါများ နှင့်အတူ သစ်သီးကိတ်ခွဲခြင်း၊ ရှမ်းရိုးရာတိုးနယားအက၊ မြန်မာရိုးရာအကအလှနှင့် သီဆိုဖျော်ဖြေတင်ဆက်မှုများ၊ မြူးမြူးကြွကြွကပြတင်ဆက်မှုများဖြင့် ဧည့်ခံဖျော်ဖြေ ဆင်နွှဲကြကြောင်း သိရသည်။

ထို့ပြင် ဆင်မကြီး မိုမို၏ အသက် (၇၀) နှစ်ပြည့် မွေးနေ့ပွဲတွင် မိုမိုနှင့်အတူ ဓာတ်ပုံရိုက်ကူးခြင်း၊ တိရစ္ဆာန်တို့၏ တေးဂီတဖျော်ဖြေမှု၊ မျက်လှည့်ပွဲ၊ ချစ်စရာတိရစ္ဆာန်လိမ္မာလေးများနှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းအပြင် ပျော်ရွှင်စရာဂိမ်းများနှင့် ဖျော်ဖြေရေးအစီအစဉ်  အများအပြားလည်း ပါဝင်သည်။

အဆိုပါဆင်မကြီးမိုမို တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ရောက်ရှိလာသည့်အကြောင်းမှာ လွိုင်ကော်ဒေသတောနက်ကြီးထဲတွင် ဆင်မိသားစုနှင့်ကွဲကွာနေသော အသက်(၇)နှစ်အရွယ် ဆင်မလေးတစ်ကောင်ကို သစ်ခုတ်သမား ဦးခွန်ဆန္ဒမှ တွေ့ရှိခဲ့ဖမ်းယူခဲ့ပြီး ဇနီးဖြစ်သူ နော်မိုမိုအား ဂုဏ်ပြု၍ မိုမိုဟု အမည်ပေးခဲ့ကာ ၁၉၆၁ ခုနှစ် ဇွန်လ(၆)ရက်နေ့တွင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ပို့ဆောင်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/11/02/16120/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 13分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....