မင်းတုန်းမင်းတြားကြီးနတ်ပြည်စံသက်(၁၄၅)နှစ်မြောက်

ရတနာပုံ မြို့တည် နန်းတည် မင်းတုန်းမင်းတြားကြီး နတ်ပြည်စံသက် (၁၄၅) နှစ်မြောက်
မတကဘတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

မင်းတုန်းမင်းတြားကြီးနတ်ပြည်စံသက်(၁၄၅)နှစ်မြောက်

ရတနာပုံ မြို့တည် နန်းတည် မင်းတုန်းမင်းတြားကြီး နတ်ပြည်စံသက် (၁၄၅)နှစ်မြောက် မတကဘတ် ဆွမ်းဆက်ကပ်လှူဒါန်းမှုအား အောက်တိုဘာလ ၂၀ရက်နေ့က မန္တလေးမြို့ မန္တလေးတောင်ခြေရှိ မဟာဓမ္မိကာ ရာမ ရွှေကျင်တိုက်မကြီးတွင် ကုန်းဘောင်ဆက်မောင်နှမများနှင့် ဆွေတော်မျိုးတော်များ၊ မိတ်သင်္ဂဟ များ စုပေါင်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးရှိ သံဃာတော်၊ သာမဏေများအား ဆွမ်းဆန်စိမ်း လောင်းလှူပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ မင်းတုန်းမင်းတြားကြီး လှူဒါန်းခဲ့သော သိမ်ကျောင်းတော်ပေါ်တွင် လှူဒါန်းမှု အစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

မင်းတုန်းမင်းတြားကြီးနတ်ပြည်စံသက်(၁၄၅)နှစ်မြောက်မင်းတုန်းမင်းတြားကြီးနတ်ပြည်စံသက်(၁၄၅)နှစ်မြောက်မင်းတုန်းမင်းတြားကြီးနတ်ပြည်စံသက်(၁၄၅)နှစ်မြောက်မင်းတုန်းမင်းတြားကြီးနတ်ပြည်စံသက်(၁၄၅)နှစ်မြောက်မင်းတုန်းမင်းတြားကြီးနတ်ပြည်စံသက်(၁၄၅)နှစ်မြောက်

မွန်းလွဲပိုင်းတွင် မန္တလေး နန်းမြို့အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်တွင် ဓမ္မသဘင် ကျင်းပ၍ မင်းတုန်းမင်းတြားကြီးအမှူးပြုသော ကျေးဇူးရှင်အပေါင်းတို့အား တရားဓမ္မဖြင့် ကျေးဇူးဆပ်ကြရာ ပါမောက္ခချုပ် ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ဆရာတော်ဘုရားကြွရောက်ကာ ဩဝါဒ နှင့် သာဓုအနုမောဒနာတရားတော်အား ဟောကြားချီးမြှင့်သည်။

ရတနာပုံ မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းတြားကြီးသည် သက္ကရာဇ် ၁၂၄၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက်တွင် နတ်ပြည်စံခဲ့ပါသည်။ မင်းတြားကြီးနတ်ပြည်စံပြီးနောက် နန်းတက်သော သီပေါမင်းတြား လက်ထက်တော်မှစကာ မင်းတြားကြီးနတ်ပြည်စံသည့် နေ့ရက်တွင် သေသူအား ရည်မှန်းကာ ဆွမ်းဆက်ကပ်ခြင်း အလှူဖြစ်သော မတကဘတ် ဆွမ်းဆက်ကပ်လှူဒါန်းမှု ကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/10/27/%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bc%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 18小时前
下一篇 18小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....