အသေးစားလုပ်ငန်းများ ဝယ်ရင်းစျေးမြင့်လာပြီး ရင်းနှီးငွေပိုမိုစိုက်ထုတ်လာရဟုဆို

အသေးစားလုပ်ငန်းများ ဝယ်ရင်းစျေးမြင့်လာပြီး ရင်းနှီးငွေပိုမိုစိုက်ထုတ်လာရဟုဆို

အသေးစားလုပ်ငန်းများ ဝယ်ရင်းစျေးမြင့်လာပြီး ရင်းနှီးငွေပိုမိုစိုက်ထုတ်လာရဟုဆို

ယခုရက်ပိုင်းတွင် ဝယ်ယူရသော ကုန်ပစ္စည်းဈေးနှုန်းများ မြင့်လာပြီး ရင်းနှီးငွေ ပိုမိုစိုက်ထုတ်လာရသော်လည်း အမြတ်ငွေမှာ ယခင်ကကဲ့သို့မရတော့ကြောင်း အသေးစားလုပ်ငန်း လုပ်ကိုင်သူများထံကသိရသည်။

“ဝယ်ရတာစျေးကြီးလာတယ်။ ငွေရင်းကပိုစိုက်ထုတ်လာရတဲ့သဘောဖြစ်လာတယ်။ ရောင်းရငွေက အဝယ်ပါးတော့ အမြတ်နည်းတယ်။ ဝင်ငွေမကောင်းတော့ စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဖြစ်လာတယ်။ ကိုယ်က ဒီအလုပ်ပဲ လုပ်တတ်တာဆိုတော့ နေ့တိုင်း လုပ်နေရတယ်။ အရင်က ငပိ ဆိုရင် ၁၂၀၀ လောက်ပဲပေးရတယ်။ အခုက ၁၈၀၀ ပေးဝယ်ရတယ်။ သရက်သီးတစ်ပိသာ အရင်က ၃၀၀၀ လောက်ရှိတာပါ။ အခုဆို ၄၅၀၀ ပေးဝယ်ရတယ်။ အရင်က မက်မန်းသီးတစ်ပိသာ ၁၈၀၀ က အခုတစ်ပိသာ ၃၂၀၀ ပေးဝယ်နေရတယ်။ မြေပဲဆားလှော်တစ်ပြည်ကို အခု ၇၀၀၀၊ ၈၀၀၀ ပေးရပြီး တစ်ဗူးချင်းက ၁၀၀၀ ပေးရတယ်။ ဖော့ဗူး ၁၀၀ကို အရင်က ၁၈၀၀ လောက်ကနေ အခု ၅၀၀၀ ပေးဝယ်နေရတယ်။ ဒါတောင် မနက်ဖန်မှာ ဘယ်ဈေးဖြစ်ဦးမလဲမသိသေးဘူး” ဟု အထောင်းမျိုးစုံနှင့် သီးစုံအချဥ်ပေါင်းရောင်းသူတစ်ဦးကပြောသည်။

အသေးစားလုပ်ငန်းများ ဝယ်ရင်းစျေးမြင့်လာပြီး ရင်းနှီးငွေပိုမိုစိုက်ထုတ်လာရဟုဆို

လက်ရှိတွင် အများစုသည် ခက်ခဲကြပ်တည်းနေကြပြီး စျေးအရောင်းအဝယ်သည် ယခင် ကိုဗစ်ကာလကထက် အရောင်းပိုင်း သိသိသာသာ ပါးလာသည်ကို ကြုံတွေ့လာရကြောင်း၊ ကိုဗစ်ကာလက ငွေကြေးအဆင်ပြေသဖြင့် နှာခေါင်းစည်းတပ်ကာ အပြင်ထွက် ဈေးဝယ်ခဲ့ကြသော်လည်း လက်ရှိကာလတွင် အရောင်းအဝယ်များမကောင်း၍ ငွေကြေးကြပ်တည်းသွားကြသည့်အတွက် အရောင်းသိသိသာသာ ပါးသွားရခြင်းဖြစ်ကြောင်း အသေးစားလုပ်ကိုင်ကြသူများကပြောသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/07/%e1%80%a1%e1%80%9e%e1%80%b1%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%84%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%9d%e1%80%9a%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 37分钟前
下一篇 35分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....