China-Myanmar Solar Systemဓာတ်အားပေးစက်ရုံစီမံကိန်းစာချုပ်ချုပ်

တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်သည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း သဘောတူစာချုပ်ချုပ်ဆို

China-Myanmar Solar Systemဓာတ်အားပေးစက်ရုံစီမံကိန်းစာချုပ်ချုပ်

POWERCHINA Resources Ltd နှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

ကြီးအုံကြီးဝ၊ ကင်းတားနှင့် စေတုတ္ထရာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၃) ခုအတွက် လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် စီမံကိန်းကုမ္ပဏီ အထွေထွေမန်နေဂျာ Mr. Jiang Xingcheng တို့ တက်ရောက်ခဲ့သည်။

China-Myanmar Solar Systemဓာတ်အားပေးစက်ရုံစီမံကိန်းစာချုပ်ချုပ်

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၃)ခုသည် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်တည်ရှိပြီး စုစုပေါင်းစက်တပ်အင်အားမှာ ၉၀ မဂ္ဂါဝပ်ဖြစ်သည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/07/china-myanmar-solar-system%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%a1%e1%80%ac%e1%80%b8%e1%80%95%e1%80%b1%e1%80%b8%e1%80%85%e1%80%80%e1%80%ba%e1%80%9b%e1%80%af%e1%80%b6%e1%80%85%e1%80%ae%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 35分钟前
下一篇 33分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....