ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်

ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်

ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်

ရှင်းကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့မြို့တော် Urumqi မြို့မှာ ခရီးသွားဆွဲဆောင်မှုတစ်ခုအဖြစ် ရေပန်းစားနေတဲ့ Grand Bazaar大巴扎ဟာ ကမ္ဘာ့အကြီးဆုံးဈေး လို့သတ်မှတ်ထားကြပါတယ်။ Xinjiang International Grand Bazaar 新疆國際大巴扎လို့လူသိများပြီး ရှင်းကျန်းဒေသရဲ့ ဝိဒေသလက္ခဏတွေပါတဲ့ အမှတ်တရပစ္စည်းမျိုးစုံ အပါအဝင် ရှင်းကျန်းရဲ့ထူးခြားပြီး လူကြိုက်များလှတဲ့ အစားအသောက်မျိုးစုံကိုလည်း ရရှိနိုင်ပါတယ်။

ဝီဂါ၊ ကာဇက်၊ ဟန်အစရှိတဲ့ လူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ ဝတ်စားဆင်ယင်မှုတွေ၊ တူရိယာတွေ၊ လက်မှုပညာ၊ လမ်းဘေးဈေး၊ လူနေမှုစတိုင်တွေကိုလည်း လေ့လာလို့ရပြီး တိုင်းရင်းသားတွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကိုလည်း တွေ့ကြုံခံစားလို့ရနိုင်ပါတယ်။ Urumqi မြို့ရဲ့ Grand Bazaar မှာ ရှေးဟောင်းမြို့ဆိုတာကိုလည်း သက်သေခံနေသလို ခေတ်မီဖွံ့ဖြိုးမှုတွေကိုလည်း တွေ့မြင်ခံစားကြရမှာဖြစ်ပါတယ်။ အစ္စလာမ့်ယဉ်ကျေးမှု၊ ဗိသုကာပညာ၊ လူမျိုးရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ခရီးသွားနဲ့ ဖျော်ဖြေရေး ပေါင်းစပ်နေတာကြောင့်လည်း လူသိများထင်ရှားလှပါတယ်။

ဈေးဆိုင်ပေါင်း ၄၀၀၀ ကျော်ရှိတယ်လို့ဆိုတဲ့ Grand Bazaar မှာ ရှင်းကျန်းဒေသ ဝိဒေသလက္ခဏပါတဲ့ ထင်ရှားတဲ့ Naan နံပြားပြတိုက်ကိုလည်း လေ့လာလို့ရနိုင်သလို ကြေးထည်ပစ္စည်း၊ သစ်သားပန်းပု၊ ပန်းအိုး စတဲ့ လက်မှုပစ္စည်းတွေ လက်တွေ့ဖန်တီးထုတ်လုပ်နေတာတွေကိုလည်း လေ့လာနိုင်သလို အမှတ်တရအိမ်ပြန်လက်ဆောင် အနေနဲ့လည်း ဝယ်ယူလို့ ရနိုင်ပါတယ်။

ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်ရှင်းကျန်း Urumqi မြို့က ကမ္ဘာ့အကြီးဆုံးဈေး Grand Bazzar မှာ အပန်းဖြေပြီး ဈေးဝယ်မယ်

Grand Bazaar ရဲ့ လမ်းတစ်ဘက်ခြမ်းမှာ စားသောက်ဆိုင်တန်းရှိပါတယ်။ စားသောက်ဆိုင်တန်းရဲ့ အဝင်ဝမှာ လုံခြုံရေးယူထားတဲ့ အရပ်မြင့်မြင့် ခပ်ချောချောလူငယ်ရှိပါတယ်။ အလည်လာတဲ့ ခရီးသွားတွေ တော်တော်များများက သူတို့နဲ့ဓာတ်ပုံတွဲရိုက်ပြီး မိမိရဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ကြတော့ အဲဒီလုံခြုံရေးယူထားသူက အင်တာနက်စတားများ ဖြစ်လို့နေတာတွေ့ရပါတယ်။ ကိုယ်တွေတောင် တွဲရိုက်ခဲ့ပါသေးတယ်။ Grand Bazaar မှာ အဲဒီလို အင်တာနက်စတားဖြစ်တဲ့နေရာများစွာရှိပြီး လည်ပတ်ရင်း ဈေးဝယ်ရင်း စားသောက်ရင်းနဲ့ကိုပဲ အမှတ်တရ ဓာတ်ပုံရိုက်လို့လည်း ကောင်းပါတယ်။

Grand Bazaar မှာ ရှင်းကျန်းဆိုတဲ့ ဝိဒေသ ကိုခံစားကြရမှာဖြစ်ပြီး Grand Bazaar ရောက်ရင်တော့ ပြည်တွင်းပြည်ပခရီးသွားများက အပန်းဖြေလည်ပတ်ရင်း အိမ်ပြန်လက်ဆောင် တစ်ခုခု ဝယ်ဖြစ်သွားမှာ အမှန်ပါပဲ။ ဖော်ရွေ့တဲ့ ဒေသခံတွေရဲ့ အပြုံးတွေနဲ့ ကြိုဆိုမှုတွေက အိမ်ပြန်လက်ဆောင်အတွက် ပိုပြီးအဓိပ္ပာယ် ပြည့်စုံသွားစေတယ်ဆိုတာ ကြုံဖူးသူတိုင်းရဲ့ နှလုံးသားထဲမှာ မှတ်မှတ်ရရ အမြဲရှိနေမှာပဲဖြစ်ပါတယ်။

ဘဦး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/11/15/%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8-urumqi-%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%80-%e1%80%80%e1%80%99%e1%80%b9%e1%80%98%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 15, 2023 2:57 下午
下一篇 12月 7, 2023 3:21 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....