တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကျင်းပ

တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကျင်းပ

တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကစီစဉ်သည့် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင်၊ မြန်မာ့အလင်း၊ The Global New Light of Myanmar၊ စံတော်ချိန်၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၊ Myanmar Insider၊ One News စသည့် မြန်မာမီဒီယာပေါင်း ၁၀ ခုကျော်နှင့် မြန်မာနိုင်ငံအခြေစိုက် တရုတ်မီဒီယာ ကိုယ်စားလှယ်များနှင့် သံရုံးမှ လူငယ်သံတမန်များပါဝင် တက်ရောက်ခဲ့ကြသည်။

သံမှူးကြီး Dr. Zheng Zhihong မှ မကြာသေးခင်က သမ္မတရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်း အစည်းအဝေး၌ အရေးပါအမှာစကား ပြောကြားခဲ့ရာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်းသည် တရုတ်သံတမန်ဆက်ဆံရေး၏ မြင့်မြတ်သော ရည်မှန်းချက် ဖြစ်သည်ဟု အလေးပေးပြောကြားခဲ့ကြောင်း၊ တန်းတူညီမျှဖြစ်ပြီး စနစ်ကျသော ဗဟုဝင်ရိုးကမ္ဘာနှင့် ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြု၍ အားလုံးပါဝင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို အဆိုပြုတင်ပြခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် အရေးပါအဖွဲ့ဝင်ဖြစ်ကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးသည် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းစဉ်မှ တိုးတက်မှုအသစ်များရရှိခဲ့ကြောင်း၊ “Belt and Road” ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအတွက် ခေတ်၏အနှစ်သာရသစ်များ တိုးများလာစေကြောင်း၊ မိမိတို့သည် ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်း အစည်းအဝေး၏စိတ်ဓာတ်ကို ကျင့်သုံးပြီး တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာဆက်ဆံသည့် အစဉ်အလာကို ပြန့်ပွားစေမည်ဖြစ်ကြောင်း၊ ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်း ဟူသည့် အိမ်နီးချင်း သံတမန်ဆက်ဆံရေးမူဝါဒကို လက်တွေ့ဖော်ဆောင်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု ခိုင်ခံ့နက်ရှိုင်းလာစေရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကျင်းပ တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကျင်းပ တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကျင်းပ

တရုတ်သံရုံး ယဉ်ကျေးမှုဌာန၊ စီးပွားရေးဌာနတို့မှ လူငယ်သံတမန်များက တရုတ်-မြန်မာ ပြည်သူအချင်းချင်း ကူးလူးဖလှယ်ရေး၊ စီးပွားရေးနှင့် ပြည်သူအကျိုးပြုပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ရာ တရုတ်-မြန်မာ နှစ်နိုင်ငံဗုဒ္ဓဘာသာ ကူးလူးဖလှယ်မှုသည် သမိုင်းကြာရှည်ကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ပြည်သူ့အကျိုးပြု လုပ်ငန်းများအတွက် ကူညီပေးမှုသည် အခြေခံအဆောက်အအုံ၊ သဘာဝဘေးအန္တရာယ် ကာကွယ်လျော့ချခြင်း၊ အများပြည်သူကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်၍ ချမ်းသာကြွယ်ဝလာခြင်း စသည့် ကဏ္ဍများပါဝင်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှု၊ စီးပွားရေး၊ ပြည်သူ့အကျိုးပြု စသည့်ကဏ္ဍများတွင် ပိုမိုနက်ရှိုင်းစွာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသည့် လက်တွေ့ကျကျ အကျိုးကျေးဇူးများသယ်ဆောင်လာပေးကာ အတူတကွဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများစိတ်နှလုံးချင်းဆက်နွယ်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မီဒီယာကိုယ်စားလှယ်များက တရုတ်-မြန်မာချစ်ကြည်ရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေး စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်ခဲ့ကြပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းခဲ့ကာ တရုတ်-မြန်မာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူများနှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်း၊ လက်ရှိတွင် ကမ္ဘာကြီးသည် ကြီးမားသော စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရပြီး သတင်းတုသတင်းမှားများစွာ ပျံ့နှံ့နေကြောင်း၊ မီဒီယာများက တက်ကြွသည့်အခန်းကဏ္ဍမှပါဝင်ကာ တရုတ်-မြန်မာချစ်ကြည်ရေး အကြောင်းအရာများကို ပြန့်ပွားစေပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးထမ်းဆောင်ပေးလိုကြောင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/28/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%99%e1%80%ae%e1%80%92%e1%80%ae%e1%80%9a%e1%80%ac%e1%80%90%e1%80%bd%e1%80%b1%e1%80%b7%e1%80%86/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 2分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....