အိတ်စပို့ပို့ကုန် ပဲစဥ်းငုံအသစ်များ မုံရွာစျေးကွက်သို့ နှစ်ဆတက်စျေးဖြင့် ဝင်ရောက်လာ

အိတ်စပို့ပို့ကုန် ပဲစဥ်းငုံအသစ်များ မုံရွာစျေးကွက်သို့ ပြီးခဲ့သည့်နှစ်စျေးထက် နှစ်ဆတက်စျေးဖြင့် ဝင်ရောက်လာ

အိတ်စပို့ပို့ကုန် ပဲစဥ်းငုံအသစ်များ မုံရွာစျေးကွက်သို့ နှစ်ဆတက်စျေးဖြင့် ဝင်ရောက်လာ

အိတ်စပို့ပို့ကုန် ပဲစဥ်းငုံအသစ်များ မုံရွာစျေးကွက်သို့ ပြီးခဲ့သည့်နှစ်စျေးထက် နှစ်ဆတက်စျေးဖြင့် ဝင်ရောက်လာကြောင်း ပဲစဥ်းငုံရောင်းဝယ်သူများထံက သိရသည်။

ပြီးခဲ့သည့်နှစ် ပဲစဥ်းငုံရာသီအစက တစ်တင်းလျှင် ကျပ် ၅၄၀၀၀ စျေးဖြင့် စတင်ခဲ့ရာမှ ယခုနှစ်ရာသီအစတွင် စျေးနှုန်းနှစ်ဆဖြစ်သည့် ကျပ်တစ်သိန်းကျော်စျေးဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

ပဲစဥ်းငုံကို စစ်ကိုင်းတိုင်းဒေသကြီး၏ ဒေသအများစုတွင် စိုက်ပျိုးကြပြီး ကျောက်ပန်းတောင်း၊ မကွေးနှင့် ပခုက္ကူဒေသများက ပဲစဥ်းငုံစောထွက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် အနည်းငယ်နောက်ကျ ထွက်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နှစ်စဥ် ဇန်နဝါရီလမှစကာ ပဲစဥ်းငုံ လှိုင်လှိုင်ပေါ်ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြီးခဲ့သည့်လပိုင်းက ရွာသောမိုးကြောင့် အပွင့်ပွင့်ချိန်တွင် အပွင့်ကြွေသည့်အတွက် ပဲစဥ်းငုံအထွက် အနည်းငယ်လျော့နိုင်ကြောင်း ပဲစဥ်းငုံစိုက်တောင်သူများထံက သိရသည်။

မုံရွာစျေးကွက်ရှိ ပဲလှောင်လက်များတွင် ပဲစဥ်းငုံသည် ၂၀၂၀ ခုနှစ်နောက်ပိုင်း လက်ကျန်မရှိတော့အောင် အိန္ဒိယနိုင်ငံသို့ ပို့ဆောင်ရောင်းချခဲ့ရပြီး ပြီးခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ ပဲစဥ်းငုံ မတင်ပို့နိုင်ခဲ့ကြောင်း မုံရွာကုန်စည်ဒိုင်တာဝန်ရှိသူများထံက သိရသည်။

အိန္ဒိယပို့ကုန်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သော မြန်မာနိုင်ငံထွက် ပဲစဥ်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းများကို ပြည်တွင်းစားသုံးမှု မြင့်မားလာစေရန် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်က ပဲစားပွဲတော်ကို တိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ကကျင်းပခဲ့သေးသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/22/%e1%80%a1%e1%80%ad%e1%80%90%e1%80%ba%e1%80%85%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba-%e1%80%95%e1%80%b2%e1%80%85%e1%80%a5%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2天前
下一篇 39分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....