ပြည်တွင်းဆီလုပ်ငန်းရှင်များ လုပ်ငန်းအဆင့်မြှင့်တင်နိုင်ရန် ချေးငွေထုတ်ပေး
နိုင်ငံစီပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုး ရေး ချေးငွေရန်ပုံငွေမှ အတိုး နှုန်းသက်သာသည့် ချေးငွေကို ဆီစက်လုပ်ငန်းရှင်များထံ ငွေကျပ်သိန်း ၃၀၀၀ ထိ ထုတ်ပေးနေကြောင်း ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေ၊ စီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်ထားသည်။
ပြည်တွင်းဆီစားသုံးမှုတွင် နိုင်ငံခြားမှ တင်သွင်းရသည့် ဆီ လျော့ချနိုင်ရန်နှင့် ပြည်တွင်းအဆင့်မီ ဆီထုတ်လုပ်နိုင်ရန်အတွက် အဆင့်မီ စက်ပစ္စည်းများတိုးချဲ့ တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ တည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေလိုအပ်ချက်များအတွက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိလုပ်ငန်းလည်ပတ်နေပြီး လုပ်ငန်းအမည်ပေါက်လိုင်စင် သက်တမ်းရှိ ဆီစက်ဖြစ်ရန်လိုအပ်ပြီး ချေးငွေအဖြစ် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွေ့ ပြောင်းနိုင်သောပစ္စည်းများ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ပေးအပ်နိုင်ရမည်ဟု သတ်မှတ်ထားသည်။
ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာလအဖြစ် လုပ်ငန်းသုံး လည်ပတ်ရင်းနှီးငွေအတွက် ချေးငွေသက်တမ်း တစ်နှစ် မ တည်ရင်းနှီးငွေအတွက် ချေးငွေသက်တမ်း သုံးရစ်ဆပ်ဖြစ်ပြီး တစ်နှစ်အတွက် အတိုးနှုန်း ၅ ရာခိုင်နှုန်း သက်မှတ်ထားသည်။
ဆီစက်ချေးငွေလျှောက်လွှာများကို နေပြည်တော် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိ ဆီစက်လုပ်ငန်းရှင်အသင်းရုံး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းရုံး၊ စက်မှုလက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများ၊ မြန်မာ့စီးပွားရေးဘဏ်ခွဲများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် ချေးငွေပုံစံရယူ လျှောက်ထားနိုင်ကြောင်း သိရသည်။
ရွှေနွယ်ကြိုး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/16/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ae%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%84%e1%80%94%e1%80%ba%e1%80%b8%e1%80%9b%e1%80%be%e1%80%84/