ပြည်ပသို့ပို့ဆောင်ရောင်းဝယ်မည့် အိုက်စ်(မက်သ်အဖက်တမင်း) မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးရမိ

ပြည်ပသို့ပို့ဆောင်ရောင်းဝယ်မည့် ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးရမိ

ပြည်ပသို့ပို့ဆောင်ရောင်းဝယ်မည့်  အိုက်စ်(မက်သ်အဖက်တမင်း) မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ ပင်လယ်ပြင်မှ ကော့သောင်းရေပိုင်နက်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ပြည်ပသို့ ဆက်လက်ပို့ဆောင်မည့် ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် တပ်မတော်(ရေ)မှ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်(ခန့်မှန်းမြောက်လတ္တီတွတ် ၁၄ ဒီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၅ ဒီ ၂၁ ဒသမ ၉ မိနစ်)၌ အလျား ၅၄ ပေ ၁၀ လက်မ၊ အနံ ၁၁ ပေ၊ ရေစူး ၄ ပေခန့်အရွယ်(သစ်သားကိုယ်ထည်) ရန်လင်းကျော်(၄)အမည်ရှိ စက်လှေအား စစ်ဆေးရှာဖွေရာ အဆိုပါစက်လှေပေါ်တွင် အောင်သိန်း(ခ)ဝတုတ်၊ တူးနိုင်၊ မောင်ဇော်နှင့် ဖိုးလပြည့်တို့ ၄ ဦးနှင့်အတူ ဒေသကာလတန်ဖိုးငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ပြည်ပသို့ပို့ဆောင်ရောင်းဝယ်မည့်  အိုက်စ်(မက်သ်အဖက်တမင်း) မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးရမိ ပြည်ပသို့ပို့ဆောင်ရောင်းဝယ်မည့်  အိုက်စ်(မက်သ်အဖက်တမင်း) မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးရမိ

သက်ဆိုင်ရာ၏စစ်ဆေးချက်အရ ဇန်နဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ စိုးကျော်(ခ)စိုးစိုးကျော် အား တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကမ်းနီးတံတားတိုဆိပ်ကမ်းတွင် ဆက်လက် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်မှ ကော့သောင်းရေပိုင်နက်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ပြည်ပသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသဖြင့် အိုက်စ်(မက်သ်အဖက်တမင်း)များ တာဝန်ခံသယ်ဆောင်သူများဖြစ်သည့် ချစ်ထူးနိုင်(ခ)ဆရာချစ် နှင့် ကျော်ဇင်ဦး တို့ပါ တရားခံ ၇ ဦးအား ဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/16/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%95%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 13分钟前
下一篇 10分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....