တပ်မတော်နှင့် မြောက်ပိုင်း(၃)ဖွဲ့တို့ အပစ်အခတ်ရပ်စဲ

တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် တပ်မတော်နှင့် မြောက်ပိုင်း(၃)ဖွဲ့တို့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းစွာဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် သဘောတူညီမှု ရရှိ

တပ်မတော်နှင့် မြောက်ပိုင်း(၃)ဖွဲ့တို့ အပစ်အခတ်ရပ်စဲ

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်တိုက်တွန်းမှုဖြင့် တပ်မတော်နှင့် MNDAA၊ TNLA၊ AA မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့တို့သည် ဇန်နဝါရီလ ၁၀ ရက် မှ ၁၁ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဦးနှစ်ဖက်က ချက်ချင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းစွာဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် သဘောတူခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်တိုက်တွန်းမှုဖြင့် တပ်မတော်နှင့် MNDAA၊ TNLA၊ AA မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်က ချက်ချင်း အပစ်အခတ်ရပ်စဲရန်၊ စစ်ရေးထိတွေ့မှုများရပ်တန့်ရန်၊ သက်ဆိုင်ရာ အငြင်းပွားမှုတောင်းဆိုချက်များကို ငြိမ်းချမ်းစွာဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် သဘောတူခဲ့ကြကြောင်း၊ နှစ်ဦးနှစ်ဖက်က တရုတ်နိုင်ငံ နယ်စပ်ဒေသပြည်သူများနှင့် မြန်မာနိုင်ငံအတွင်းရှိ စီမံကိန်းမှဝန်ထမ်းများ ဘေးကင်းလုံခြုံမှု မထိခိုက်စေရန် ကတိပြုခဲ့သည့်အပြင် အပစ်အခတ်ရပ်စဲရေးစီစဉ်မှု စသည့်အခြားကိစ္စရပ်များကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် က သတင်းထောက်၏ မေးမြန်းမှုအား ဖြေကြားရာတွင် ပြောဆိုခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအရှိန်ကို ထိန်းသိမ်းခြင်းသည် မြန်မာနိုင်ငံဘက်အသီးသီး၏ အကျိုးစီးပွားနှင့်ကိုက်ညီသည့်အပြင် တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရန်လည်း အထောက်အကူပြုသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက သဘောတူညီမှုရရှိထားသည့် အပစ်အခတ်ရပ်စဲမှုကို သေချာစွာအကောင်အထည်ဖော်ဆောင်ပြီး အပြန်အလှန်အစွမ်းကုန် ထိန်းသိမ်းစွာလုပ်ဆောင်၍ ဆွေးနွေးခြင်းဖြင့် ပြဿနာများကို ဆက်လက်ဖြေရှင်းကာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာစေရေးအတွက် အတူတကွတွန်းအားပေးဖော်ဆောင်ရန် တရုတ်နိုင်ငံက မျှော်လင့်ပြီး တရုတ်နိုင်ငံက ယင်းအတွက်တတ်စွမ်းသမျှကူညီပံ့ပိုးမှုများ ပြုလုပ်ကာ အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/16/%e1%80%90%e1%80%95%e1%80%ba%e1%80%99%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%ad%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 44分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....