မြို့နယ်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် လဟယ်မြို့တွင် ကျင်းပ

မြို့နယ်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် လဟယ်မြို့တွင် ကျင်းပ

မြို့နယ်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် လဟယ်မြို့တွင် ကျင်းပ

၂၀၂၄ ခုနှစ် မြို့နယ်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကိုင်းတိုင်း‌ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ရွှေပြည်သာ အားကစားကွင်းတွင် ဇန်နဝါရီလ ၁၅ ရက်နေ့က ကျင်းပသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် သဘာပတိ ဦးပါတင် က အဖွင့်အမှာစကား ပြောကြားပြီး နာဂတိုင်းရင်းသူ ဒေါ်ညီကီဟွမ်း က နာဂရိုးရာဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ဖတ်ကြားသည်။

မြို့နယ်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် လဟယ်မြို့တွင် ကျင်းပ

ထို့နောက် ၂၀၂၄ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြသော ကော်မတီဝင်များအား နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးပေါင်ခု က နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

နာဂရိုးရာအခမ်းအနားသို့ တက်ရောက်ကြသော ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပျော်ပွဲလာပရိသတ်များကို နာဂရိုးရာ အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ညနေ(၅)နာရီတွင် နာဂတိုင်းရင်းသားမျိုးနွယ်စု(၆)မျိုး၏ အကပဒေသာများနှင့် ခေတ်သစ်အကများဖြင့် ဖျော်‌ဖြေတင်ဆက်သွားကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/16/%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%a1%e1%80%86%e1%80%84%e1%80%ba%e1%80%b7-%e1%80%94%e1%80%ac%e1%80%82%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12分钟前
下一篇 7分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....