ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသ ဖြစ်ပေါ်တိုးတက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားအမြင် ထုတ်ပြန်

ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသ ဖြစ်ပေါ်တိုးတက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားအမြင် ထုတ်ပြန်

ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသ ဖြစ်ပေါ်တိုးတက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားအမြင်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြောင်း သိရသည်။

ဇန်နဝါရီ (၁၃)ရက်တွင် ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသတွင်ကျင်းပသည့် သမ္မတနှင့် လွှတ်တော်ရွေးကောက်ပွဲအပြီးတွင် ယခုကဲ့သို့ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် အောက်ပါအတိုင်းဖော်ပြထားပါသည်။

မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို အစဉ်တစိုက် ထောက်ခံပြီး ယင်းမူဝါဒအရ ထိုင်ဝမ်(တရုတ်-တိုင်ပေ)သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်၍ မရသော အစိတ်အပိုင်း တစ်ခုအဖြစ် မှတ်ယူထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် ထိုင်ဝမ်ဒေသ လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ် သော ဆောင်ရွက်ချက်များအား ဆန့်ကျင်ကြောင်းနှင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ)တို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အားပေး ထောက်ခံကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းကောင်း ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကိုဆက်လက် ထိန်းသိမ်းလျက် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို တစ်စိုက်မတ်မတ် ထောက်ခံလျက်ရှိကြောင်း ထပ်လောင်း အတည်ပြုအပ်ပါသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/16/%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9d%e1%80%99%e1%80%ba-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%95%e1%80%b1-%e1%80%92/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1天前
下一篇 18分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....