ထောပတ်သီးများဈေးနှုန်းအကျဘက်ရောက်ရှိနေ

ထောပတ်သီးများ ပြည်ပတင်ပို့နိုင်ခြင်းမရှိသေးဘဲ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းအကျဘက်ရောက်ရှိနေ

ထောပတ်သီးများဈေးနှုန်းအကျဘက်ရောက်ရှိနေ

ပြည်တွင်းဈေးကွက်တွင် ထောပတ်သီးများမှာ ပြည်ပ တင်ပို့နိုင်မှုမရှိခြင်းနှင့် ဝယ်လိုအားထက် အထွက်နှုန်း များနေခြင်းကြောင့် ဈေးနှုန်းအကျဘက်ရောက်ရှိနေကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

ထောပတ်သီးမှာ ပြည်ပ တင်ပို့မှု အခြေအနေအရ ထိုင်းဘက်သို့ ကျိုင်းတုံ၊ တာချီလိတ်မှ လမ်းကြောင်းမှသာ တင်ပို့နေရသဖြင့် ပြည်တွင်းဈေးကွက်၌ ရောင်းချနေရခြင်းကြောင့် ဝယ်လိုအားနည်းပါးသွားသည်ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြည်တွင်းဈေးကွက်မှာ ထောပတ်သီးက အကျဘက် ရောက်သွားတယ်။ ရာသီပေါ်စ အချိန် နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ဈေးကောင်းရခဲ့ပေမယ့် ခုချိန်မှာ ပြည်ပ တင်ပို့မှုအခြေအနေမကောင်းတာနဲ့ အထွက်များပြီး ဝယ်လိုအား နည်းလို့ ဈေးနှုန်းကျလာတယ်”ဟု အသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထောပတ်သီးများဈေးနှုန်းအကျဘက်ရောက်ရှိနေ

ထောပတ်သီးတွင် ပြည်ပ တင်ပို့သည့် Hass အမျိုးအစား၊ အမရာ အမျိုးအစားများမှာ အရည်အသွေးနှင့် အရသာကောင်းမွန်သဖြင့် ပြည်တွင်းစားသုံးသူများက ဝယ်ယူမှုရှိသော်လည်း ဝယ်လိုအားထက် အထွက်နှုန်းများနေသဖြင့် အကျဘက်ရောက်ရှိနေကြောင်း သိရသည်။

“ထောပတ်သီး စိုက်ဧက အနေနဲ့ပြောရင် လက်ရှိအခြေအနေမှာ စာရင်းကောက်နိုင်မှု မရှိသေးဘူး။ အရင်ကောက်ထားတဲ့ စာရင်းအရပြောရင် ဧကပေါင်း ၂၀၀၀၀ နီးပါးလောက်ရှိပါတယ်။ ပြည်ပနိုင်ငံတွေက မြန်မာထောပတ်သီး ဝယ်လိုအားနဲ့ အမှာတွေရှိပေမယ့် တင်ပို့နိုင်မှု မရှိသေးတော့ ပြည်တွင်းဈေးကွက်မှာပဲ ရောင်းနေရတယ်” ဟု ၎င်းက ပြောသည်။

ပြည်တွင်းမှ ထောပတ်သီး ထွက်ရှိရာဒေသများမှာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ပြင်ဦးလွင်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း (နာဂဒေသ)တို့ ဖြစ်ပြီး စိုက်ပျိုးထွက်ရှိကြောင်း၊ Hass အမျိုးအစားထောပတ်သီး များမှာ ရာသီပေါ်ချိန်က ငွေကျပ် ၆၀၀၀ မှ ၇၀၀၀ ဝန်းကျင် ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၄၀၀၀ မှ ၅၀၀၀ ဝန်းကျင်ရှိပြီး အကျဘက်သို့ ရောက်ရှိနေကြောင်း သိရ သည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/16/%e1%80%91%e1%80%b1%e1%80%ac%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%88%e1%80%b1%e1%80%b8%e1%80%94%e1%80%be%e1%80%af%e1%80%94%e1%80%ba%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8分钟前
下一篇 6分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....