ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲအသစ် ၃ မျိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲအသစ် ၃ မျိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲအသစ် ၃ မျိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ ၃ မျိုး အသစ်ထပ်မံတွေ့ရှိရပြီး ယခုတွေ့ရှိရသော SARS-CoV-2 Omicron Variant များမှာ HV.1၊ JN.1 နှင့် EG.5.1.8 တို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာ (၁၈)ခုကို မျိုးဗီဇတစ်ခုလုံးစစ်ဆေးမှု (Whole Genome Sequencing) ကို ဆောင်ရွက်ခဲ့ရာ ဓာတ်ခွဲနမူနာ(၁၆)ခုတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါတွေ့ရှိမှုသည် စင်္ကာပူနိုင်ငံမှ ပြန်လည်လာသူ ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ(၃)ခုနှင့် ပြည်တွင်းကူးစက်မှုများမှ ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ(၁၃)ခုတို့ ဖြစ်ပါသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများသည် SARS-CoV-2 Omicron Variant များ ဖြစ်ပြီး စင်္ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ(၃)ဦးတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကိုလည်းကောင်း၊ ပြည်တွင်းကူးစက်ဖြစ်ပွားသူ(၁၃)ဦးတွင် Omicron JN.1 (၁၁)ဦးနှင့် XBB.1.16.17 (၂)ဦး တို့ကိုလည်းကောင်း အသီးသီးတွေ့ရှိရကာ ယခုတွေ့ရှိရသော SARS-CoV-2 Omicron Variant များတွင် HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ အသစ်တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ JN.1 သည် EG.5 ကဲ့သို့ပင် ပြည်သူ့ကျန်းမာရေးထိခိုက်မှုအန္တရာယ်ဖြစ်နိုင်ခြေ နည်းပါးကြောင်း၊ ၎င်းဗီဇပြောင်းမျိုးကွဲပိုးသည် ကူးစက်ပျံ့နှံ့မှုမြင့်တက်လာသော်လည်း ရောဂါ ပြင်းထန်မှုမရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှ ကာကွယ်ရန် ထိရောက်မှုရှိကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/16/%e1%80%80%e1%80%ad%e1%80%af%e1%80%97%e1%80%85%e1%80%ba-%e1%81%81%e1%81%89-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%97%e1%80%ae%e1%80%87%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 45分钟前
下一篇 42分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....