တရုတ်ပြည်ဝင်ခွင့်ဗီဇာအား အချက် ၅ ချက်ဖြင့်လျော့ပေါ့

တရုတ်ပြည်ဝင်ခွင့်ဗီဇာအား အချက် ၅ ချက်ဖြင့်လျော့ပေါ့

တရုတ်ပြည်ဝင်ခွင့်ဗီဇာအား အချက် ၅ ချက်ဖြင့်လျော့ပေါ့

တရုတ်ပြည်သို့ သွားရောက်ကြမည့် ခရီးသွားများအတွက် ပြည်ဝင်ခွင့်ဗီဇာနှင့်သက်ဆိုင်သော ပြင်ဆင်ချက် ၅ ချက်ဖြင့် ဇန်နဝါရီလ ၁၁ရက်နေ့မှစ၍ လျှော့ပေါ့ပေးလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနသည် ဇန်နဝါရီလ ၁၁ရက်နေ့မှစ၍ နိုင်ငံခြားသားများ တရုတ်ပြည်သို့ လာရောက်ရန် အဆင်ပြေစေသော ဆောင်ရွက်ချက် ၅ချက်ကို စတင်ကျင့်သုံး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီးပွားရေး၊ ပညာရေး နှင့် ခရီးသွားလာရေးအတွက် တရုတ်ပြည်သို့ လာရောက်ကြသော နိုင်ငံခြားသားများအတွက် တစ်ဆင့်တိုး အဆင်ပိုပြေစေပြီး အရည်အသွေးမြင့်သော တံခါးဖွင့်မှုကို အာမခံပေးရေးနှင့် အရည်အချင်းမြင့်သော ဖွံ့ဖြိုး တိုးတက်မှု တိုးမြှင့်ရေးတို့ကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးရန်ဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆောင်ရွက်ချက်အသစ် ၅ချက်တွင် တရုတ်ပြည်သို့ လာရောက်မည့် နိုင်ငံခြားသားများအတွက် ဝင်ခွင့်ဗီဇာ လျှောက်ရန် အချက်အလက်များကို ဖြေလျှော့ရန်၊ ဘေကျင်း မြို့တော်လေဆိပ်စသော အချက်အချာလေဆိပ်များ၌ ၂၄နာရီအတွင်း နိုင်ငံဖြတ်သန်းသော နိုင်ငံခြားသားများအတွက် စစ်ဆေးရေးလုပ်ထုံးလုပ်နည်းမလိုဘဲ တိုက်ရိုက်ဖြတ်သန်းနိုင်ရန်၊ တရုတ်ပြည်ရှိ နိုင်ငံခြားသားများသည် ၎င်းတို့၏ အနီးဆုံးနေရာ၌ ဗီဇာဆိုင်ရာ သက်တမ်းတိုးခြင်း၊ အစားထိုးခြင်းနှင့် ပြန်လည်ထုတ်ပေးခြင်းတို့ကို လျှောက်နိုင်ရန်၊ တရုတ်ပြည်ရှိ နိုင်ငံခြားသားများသည် Multipleဗီဇာလိုအပ်လျှင် re-entry ဗီဇာ လျှောက်နိုင်ရန်၊ ဗီဇာလျှောက်ရာတွင် တရုတ်ပြည်ရှိ နိုင်ငံခြားသားများအတွက် လိုအပ်သော စာရွက်စာတမ်း လွယ်ကူစေရန် စသည်တို့ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/12/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%9d%e1%80%84%e1%80%ba%e1%80%81%e1%80%bd%e1%80%84%e1%80%b7%e1%80%ba%e1%80%97%e1%80%ae%e1%80%87%e1%80%ac%e1%80%a1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4天前
下一篇 3小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....