မန္တလေးမြို့တွင် ၃နှစ်ကျော်အရွယ်ကလေးတစ်ဦး ရေမြောင်းထဲပြုတ်ကျပြီး ရေနစ်သေဆုံး
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်းက ၃နှစ်ကျော်အရွယ်ကလေးတစ်ဦး ရေမြောင်းထဲပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
“ကလေးပျောက်တယ်လို့ သိရတာနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ရေမြောင်းတစ်လျှောက် လိုက်ရှာတာမှာ ကလေးအလောင်းကို ရှာတွေ့ခဲ့တာပါ။ ကလေးက ဘယ်လိုကနေဘယ်လို ရေမြောင်းထဲ ပြုတ်ကျသွားတာလဲ ဆိုတာကိုတော့ သေချာမသိဘူး”ဟု အဆိုပါရပ်ကွက်နေ ဒေသခံတစ်ဦးကပြောသည်။
အသက် ၃ နှစ်ကျော်အရွယ် ကလေးတစ်ဦး ပျောက်ဆုံးနေကြောင်းကို ရပ်ကွက်မှ အသိပေးအကြောင်းကြားလာသဖြင့် မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများက ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဖြစ်ပွားမှုရှိနိုင်သော ရေမြောင်းအတွင်းသို့ ဆင်း၍ ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာမှ ရေမြောင်းပြွန်နှင့် တံတားအကူးနေရာတွင် ကလေးငယ်၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ရဖြစ်ကြောင်း သိရသည်။
ကိုကျားကြီး
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/27/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%81%83%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%80/