ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုး

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုး

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုး

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်နေသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာအထူးစီးပ္ပားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားရာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)သည် ကီလိုမီတာ ၁၇၀၀ ရှည်လျားပြီး တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့မှ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ကိုဖြတ်ကာ အနောက်ဘက်ပင်လယ်ရေကြောင်း ထွက်ပေါက်ဖြစ်သည့် ကျောက်ဖြူမြို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ကျောက်ဖြူမြို့သည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေတွင် တည်ရှိပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် တန်ဖိုးကြီးမားသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့တန်ဖိုးရှိပြီး စီးပွားရေးအခွင့်အလမ်း များစွာရှိနေခြင်းကြောင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်အနေဖြင့် ကျောက်ဖြူဒေသကို အထူးစီးပွားရေးဇုန်တစ်ခုထူထောင်ရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားစွာဖြင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည့် စီမံကိန်းကြီးတစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုး

ရေနက်ဆိပ်ကမ်းစီမံကိန်းစီမံကိန်းအတွက် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သောသဘောတူစာချုပ် (Share-holders’ Agreement)နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) များ ကို ၂၀၂၀ ပြည့်နှစ်က ချုပ်ဆိုခဲ့ကြခြင်းဖြစ်ပြီး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့ခဲ့ခြင်း၊ မြန်မာဘက်က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် CITIC ဘက်နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နေရခြင်းတို့ကြောင့် စီမံကိန်း စတင်အကောင်အထည်ဖော်နိုင်ရေး နှစ်နှစ်ကျော် နှောင့်နှေးနေခဲ့သည်။ ယခုအခါ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာ ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယခင်လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement)အား ပိုမိုပြည့်စုံစေရန်နှင့် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သည့်အတွက် နောက်ဆက်တွဲစာချုပ် (Addendum) ကို ယနေ့တွင် သဘောတူလက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum)ကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက် ဒါရိုက်တာ Mr. Liang Chuanxin တို့က လက်မှတ်ရေးထိုးကြသည်။

အဆိုပါအခမ်းအနားသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အထူးစီးပွားရေးဇုန်အသီးသီး၏ စီမံခန့်ခွဲမှုကော်မတီများမှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ CITIC Group မှ ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပမီဒီယာများ တက်ရောက်ကြကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/27/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%96%e1%80%bc%e1%80%b0%e1%80%a1%e1%80%91%e1%80%b0%e1%80%b8%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1天前
下一篇 9小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....