ပို့ကုန်ရငွေများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို ဗဟိုဘဏ် ပြင်ဆင်သတ်မှတ်

ပို့ကုန်ရငွေများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို ဗဟိုဘဏ် ပြင်ဆင်သတ်မှတ်

ပို့ကုန်ရငွေများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို ဗဟိုဘဏ် ပြင်ဆင်သတ်မှတ်

ပြည်ပသို့ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေကို ပြည်တွင်းရှိ အဆိုပါ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရမည့်ရက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃ ဖြင့် ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါထုတ်ပြန်ချက်အရ ပို့ကုန်ရငွေများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရမည့်ကာလကို အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ယခင် (၄၅) ရက်အစား (၃၀)ရက်သို့ လည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့ သည့်နေ့မှ ယခင်(၉၀)ရက်အစား (၆၀) ရက်သို့လည်းကောင်း ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် (၆-၅-၂၀၂၂) ရက်စွဲပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂ဝ၂၂) တို့အရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေကို နိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရေး ဆောင်ရွက်လျက်ရှိရာ လိုက်နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ အရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/26/%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%9b%e1%80%84%e1%80%bd%e1%80%b1%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1天前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....