၂၀၂၄ ခုနှစ် နာဂနှစ်သစ်ကူးပွဲတော် လေရှီးမြို့တွင် ကျင်းပမည်

၂၀၂၄ ခုနှစ် နာဂနှစ်သစ်ကူးပွဲတော် လေရှီးမြို့တွင် ကျင်းပမည်

၂၀၂၄ ခုနှစ် နာဂနှစ်သစ်ကူးပွဲတော် လေရှီးမြို့တွင် ကျင်းပမည်

၂၀၂၄ ခုနှစ် နာဂနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် နာဂဒေသ လေရှီးမြို့တွင် ကျင်းပရန် စီစဥ်ထားကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှသိရသည်။

နာဂလူမျိုးများ၏ အထွဋ်အမြတ်ထားရာ နာဂလူမျိုးများ၏ နာဂနှစ်သစ်ကူးပွဲတော်ကို နာဂဒေသ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့များတွင် အလှည့်ကျကျင်းပလျက်ရှိပြီး နာဂလူမျိုးအသိုက်အဝန်းအတွင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“မနှစ်က ၂၀၂၃ ခု ဇန်နဝါရီ ၁၅ ရက်က လဟယ်မြို့မှာ နှစ်သစ်ကူးပွဲ ကျင်းပခဲ့ပါတယ်။ ဒီနှစ် ၁၄ ရက်နေ့ကစပြီး သဘာပတိစကားပြောတာ၊ တံခွန်တိုင်စိုက်ထူတာ၊ ဆုတောင်းတိုင်စိုက်ထူတာ၊ ရိုးရာပန်းတုံးတီးခတ်တာ၊ ရိုးရာအားကစားပွဲကျင်းပတာ၊ စတိတ်ရှိုးပွဲတွေပြုလုပ်မှာပါ။ မနှစ်က ဒေသတွင်းဧည့်သည်တွေ အလာများပါတယ်။ ဒီနှစ်မှာလည်း တိုင်းဒေသကြီးကပုဂ္ဂိုလ်တွေ၊ ဧည့်သည်တွေ လာရောက်ကြဖို့ စီစဥ်ထားပါတယ်” ဟု ပွဲတော်ကျင်းပရေးကော်မတီဝင်တစ်ဦးကပြောသည်။

၂၀၂၄ ခုနှစ် နာဂနှစ်သစ်ကူးပွဲတော် လေရှီးမြို့တွင် ကျင်းပမည်၂၀၂၄ ခုနှစ် နာဂနှစ်သစ်ကူးပွဲတော် လေရှီးမြို့တွင် ကျင်းပမည်

ပြီးခဲ့သည့် လဟယ်နာဂပွဲတော်တွင် လဟယ်ဒေသတွင်နေကြသည့် လူမျိုး ၆ မျိုး ပါဝင်ဆင်နွှဲခဲ့ကြပြီး ယခုနှစ် လေရှီးနာဂပွဲတော်တွင် လေရှီးဒေသတွင်နေကြသည့် လူမျိုး ၅ မျိုး ပါဝင်ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ၁၅ရက်နေ့တွင် တက်ရောက်လာသည့် အကြီးအကဲများ ပါဝင်ဆင်နွှဲကြမည်ဖြစ်ပြီး ၁၆ရက်နေ့တွင် ရိုးရာအဖွဲ့အကအဖွဲ့များနှင့် ညပိုင်းစတိတ်ရှိုးများ ပြုလုပ်ကျင်းပမည်ဖြစ်သည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/26/%e1%81%82%e1%81%80%e1%81%82%e1%81%84-%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba-%e1%80%94%e1%80%ac%e1%80%82%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%9e%e1%80%85%e1%80%ba%e1%80%80%e1%80%b0/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2天前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....