မူးယစ်ဆေးဝါးများ မန္တလေးမြို့တွင် ဖမ်းဆီးရမိ 

ငွေကျပ် ၁၀ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မန္တလေးမြို့တွင် ဖမ်းဆီးရမိ 

မူးယစ်ဆေးဝါးများ မန္တလေးမြို့တွင် ဖမ်းဆီးရမိ 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၁၀ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူ စသည့်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၉ x ၅၀ လမ်းကြားရှိ အောင်ကျော်မိုး၊ မသိင်္ဂီဝင်း နှင့် မအေးသီတာ တို့၏ နေအိမ်ကို သတင်းအရရှာဖွေရာ အိုက်စ်(မက်သ်အဖက်တမင်း) ၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၅၀ ပြားနှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့ သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးများ မန္တလေးမြို့တွင် ဖမ်းဆီးရမိ 

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါနေ့ ည ၉ နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၆၆ လမ်း၊ ၁၁၁ x ၁၁၂ လမ်းထောင့်ရှိ အောင်ထွေး ငှားရမ်းထားသည့်နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂ဝ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ဒသမ ၁၄ သိန်း၊ ဘိန်းဖြူ ၄ဝ ဒသမ ၇ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့ရာ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁၀ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ဒသမ ၂၂ သိန်း၊ ဘိန်းဖြူ ၄ဝ ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/22/%e1%80%99%e1%80%b0%e1%80%b8%e1%80%9a%e1%80%85%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%9d%e1%80%ab%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4小时前
下一篇 4小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....