အာဆီယံ-ဂျပန်ဗဟိုဌာန၏ ပံ့ပိုးကူညီသည့် ဟိုတယ် ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုးသင်တန်းဖွင့်
အာဆီယံ – ဂျပန် ဗဟိုဌာန၏ ကူညီထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်း(၃)မျိုး သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ Sedona ဟိုတယ်၌ ကျင်းပကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
ဧည့်ဝန်ဆောင်မှုကဏ္ဍရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်သော အဆိုပါ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း (၃)မျိုးတွင် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းမှုသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းတို့ ပါဝင်ပြီး ပုဂံမြို့တွင်လည်း ဖွင့်လှစ်ပို့ချလျက်ရှိသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ သင်တန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သင်တန်းအမျိုးအစား (၉) မျိုး၊ သင်တန်းပေါင်း (၄၇) ကြိမ်ကို ဖွင့်လှစ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ကောင်းကောင်း
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/22/%e1%80%a1%e1%80%ac%e1%80%86%e1%80%ae%e1%80%9a%e1%80%b6-%e1%80%82%e1%80%bb%e1%80%95%e1%80%94%e1%80%ba%e1%80%97%e1%80%9f%e1%80%ad%e1%80%af%e1%80%8c%e1%80%ac%e1%80%94%e1%80%95%e1%80%b6%e1%80%b7%e1%80%95/