တရုတ်-မြန်မာ လိမ္မော်သီးလုပ်ငန်းနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး 

တရုတ်-မြန်မာ လိမ္မော်သီးလုပ်ငန်းနှင့် စီးပွားဖြစ်သီးနှံ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး 

တရုတ်-မြန်မာ လိမ္မော်သီးလုပ်ငန်းနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး 

တရုတ်-မြန်မာ လိမ္မော်သီးလုပ်ငန်း၊ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို ယူနန်ပြည်နယ် စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံ သုတေသနဌာနနှင့် မြန်မာနိုင်ငံ မျိုးစေ့အသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

 တရုတ်-မြန်မာ လိမ္မော်သီးလုပ်ငန်းနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး 

ယူနန်ပြည်နယ် စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံ သုတေသနဌာနမှကိုယ်စားလှယ်က မြန်မာနိုင်ငံလိမ္မော်သီးလုပ်ငန်းနှင့် အပူပိုင်းဒေသ၊ အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံသည် ကျယ်ပြန့်သောဖွံ့ဖြိုးတိုးတက်မှု အလားအလာရှိကြောင်း၊ အနာဂတ်တွင် လိမ္မော်သီးမျိုးစိတ်များ ရွေးချယ်ပျိုးထောင်ခြင်း၊ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ စီးပွားဖြစ်သီးနှံ စိုက်ပျိုးရေးနည်းပညာ သုတေသနပြုလုပ်ခြင်း စသည့်ကဏ္ဍများတွင် မြန်မာနိုင်ငံနှင့်အတူ နက်ရှိုင်းစွာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်ပြီး တရုတ်-မြန်မာ စိုက်ပျိုးရေးစီးပွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အဆက်မပြတ်မြှင့်တင်လိုကြောင်း ပြောကြားခဲ့သည်။

မြန်မာကိုယ်စားလှယ်က ယခုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းသည် မြန်မာနိုင်ငံကို များစွာအကျိုးဖြစ်ထွန်းစေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ခေတ်မီသော သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းပညာနှင့် မျိုးစေ့ကောင်းများ ရွေးချယ်ပျိုးထောင်ခြင်း နည်းပညာများကို လေ့လာသင်ယူထိုက်ကြောင်း၊ အနာဂတ်တွင် စိုက်ပျိုးရေးနည်းပညာ၊ လယ်ယာထွက်ကုန် ကုန်ချောထုတ်လုပ်ခြင်း၊ လယ်ယာထွက်ကုန်များ ပို့ကုန်သွင်းကုန် ကုန်သွယ်ရေး စသည့်ကဏ္ဍတွင် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အလားအလာများရှိလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/22/16331/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4小时前
下一篇 4小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....