ဂျပန်၊ ကိုးရီးယားသို့တင်ပို့သည့် နှမ်းဖြူများ မုံရွာစျေးကွက်သို့ နေ့စဥ်အိတ်ထောင်ချီဝင်လျက်ရှိ

ဂျပန်၊ ကိုးရီးယားသို့တင်ပို့သည့် နှမ်းဖြူများ မုံရွာစျေးကွက်သို့ နေ့စဥ်အိတ်ထောင်ချီဝင်လျက်ရှိ

ဂျပန်၊ ကိုးရီးယားသို့တင်ပို့သည့် နှမ်းဖြူများ မုံရွာစျေးကွက်သို့ နေ့စဥ်အိတ်ထောင်ချီဝင်လျက်ရှိ

ဂျပန်နှင့်ကိုးရီးယားနိုင်ငံများသို့ တင်ပို့နေရသော နှမ်းဖြူအိတ်များ မုံရွာစျေးကွက်သို့ နေ့စဥ် အိတ်ထောင်ချီဝင်နေကြောင်း ကုန်သည်များထံကသိရသည်။

မုံရွာမြို့ အနီးဝန်းကျင်ဒေသအစုံမှ နှမ်းဖြူများ ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလအစက အဝင်များခဲ့ပြီး ယခုရက်ပိုင်း အဝင်အနည်းငယ်စစ်သွားကြောင်းသိရသည်။

မြန်မာနိုင်ငံမှ ဂျပန်နှင့်ကိုးရီးယားနိုင်ငံများသို့ ရေလမ်းဖြင့် တင်ပို့မှုများပြီး ဝယ်လက်အနေဖြင့် အကူးသမား၊ အလှော်သမား၊ အလှောင်သမား အစုံမှ ဝယ်ယူလျက်ရှိနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက မိုးကြောင့် နှမ်းဖြူများ အရောင်ပျက်သော်လည်း အရောင်းအဝယ်သွက်နေပြီး နှမ်းဖြူ ၁၅ ပိသာ တစ်တင်းလျှင် အောက်စ ၉၄၀၀၀ ကျပ်စျေး၊ ထိပ်စ ၁၀၇၀၀၀ ကျပ်စျေး၊ နှမ်းကောင်းလျှင် ၁၀၈၀၀၀ ကျပ်စျေးအထိ ရောင်းနေကြရသည်။ နှမ်းဖြူစျေးသည် ယခင်နှစ်က တစ်တင်းလျှင် ကျပ် ၇သောင်းဝန်းကျင်ရှိရာမှ ယခုနှစ်တွင် ကျပ်တစ်သိန်းအထက်စျေးရှိသဖြင့် ကျပ် ၃သောင်းခန့် စျေးတက်သွားသည်။

မုံရွာစျေးကွက်သို့ နယ်စုံမှဝင်နေသော နှမ်းဖြူများအနက် ပစ္စည်းကောင်းသည့် ဘုတလင်နယ်ထွက် နှမ်းဖြူကို ဝယ်လက်များ ပိုကြိုက်နှစ်သက်ကြောင်းလည်းသိရသည်။ ရောင်းချရလွယ်ကူသည့် နှမ်းဖြူကို မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် အဓိကစိုက်ပျိုးလျက်ရှိပြီး သီးထပ်အဖြစ် ရာသီမရွေးစိုက်နိုင်သည့် ရက် ၁၀၀ အတွင်းပေါ်ထွက်သော သီးနှံဖြစ်သည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/22/%e1%80%82%e1%80%bb%e1%80%95%e1%80%94%e1%80%ba%e1%81%8a-%e1%80%80%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ae%e1%80%b8%e1%80%9a%e1%80%ac%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3小时前
下一篇 3小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....