မန္တလေးဈေးကွက်တွင် ကန်ဇွန်းဥများ ကျန်းမာရေးဓာတ်စာအဖြစ် ဝယ်ယူစားသုံးမှုများလာ

မန္တလေးဈေးကွက်တွင် ကန်ဇွန်းဥများ ကျန်းမာရေးဓာတ်စာအဖြစ် ဝယ်ယူစားသုံးမှုများလာ

မန္တလေးဈေးကွက်တွင် ကန်ဇွန်းဥများ ကျန်းမာရေးဓာတ်စာအဖြစ် ဝယ်ယူစားသုံးမှုများလာ

နိုဝင်ဘာလမှ စတင်ထွက်ရှိသောကန်ဇွန်းဥများမှာ မန္တလေးဈေးကွက်၌ အရောင်းအဝယ်သွက်နေပြီး ပွဲရုံလက်ကားဈေးမှာ အရွယ်အစားအလိုက် တစ်ပိဿာ ငွေကျပ် ၅၀၀ မှ ၈၀၀ ဝန်းကျင် ပေါက်ဈေးရှိကြောင်း မန္တလေး ကမ်းနားလမ်းနေ သစ်သီး၀လံပွဲစား ဦးညွန့်မောင်က ပြောသည်။

ကန်ဖွန်းဥတွင် ကန်ဇွန်းဥဝါ၊ ကန်ဇွန်းဥနီနှင့် ငချိတ်ကန်ဇွန်းဥ ဟူ၍ရှိပြီး ကျန်းမာရေးဓာတ်စာ အနေဖြင့် စားသုံးသူများပြားကာ ဈေးကွက်ရရှိလာသည်ဟုဆိုသည်။

“ဒီနှစ်အဖွင့်ဈေးက မနှစ်ကထက် တစ်ပိဿာကို ငွေကျပ် ၁၀၀ လောက်ပိုလာတယ်။ ရန်ကုန်တင်ဖို့ စိုက်ခင်းထဲအထိ လာဝယ်သူတွေက တစ်ပိဿာ ငွေ ကျပ် ၇၀၀ ဝန်းကျင်ပေးတယ်။ တပို့တွဲ့၊ တပေါင်းမှာ ကန်ဇွန်းဥ လှိုင်လှိုင်ပေါ်ပြီး ဈေးလည်း မြင့်လာတယ်”ဟု ၎င်းက ပြောသည်။

လက်ကားဈေးကွက်တွင် အရွယ်ကြီးကန်ဇွန်းဥမှာ တစ်ပိဿာလျှင် ငွေကျပ် ၈၀၀ ဝန်းကျင်နှင့် အရွယ်သေးပါက ငွေကျပ် ၅၀၀ ဝန်းကျင် ပေါက်ဈေးရှိကြောင်း၊ အွန်လိုင်းဈေးကွက် တွင်ကျယ်လာခြင်းကြောင့် ကန်ဇွန်းဥဈေးကွက် ကျယ်ပြန့်လာကာ ဝယ်လိုအား များလာကြောင်း သိရသည်။
မန္တလေးဈေးကွက်တွင် ကန်ဇွန်းဥများ ကျန်းမာရေးဓာတ်စာအဖြစ် ဝယ်ယူစားသုံးမှုများလာ
“ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကစပြီး ဈေးကွက်ထဲ ဝင်လာတယ်။ မန္တလေး အနောက်ဘက် ကမ်းက ရွာတွေမှာ စိုက်ပြီးတာ မကြာသေးဘူး။ ဥဖော်ပြီးတာနဲ့  ၇ ရက် လောက်အထိပဲ အထားခံတယ်။ အဲဒီနောက်ပိုင်း ပိုးကျတာတွေရှိလို့ တောင်သူတွေကတော့ ပွဲရုံပို့ပြီးရောင်းကြတယ်” ဟု သံဘိုကျွန်းရွာမှ ကန်ဇွန်းဥစိုက်တောင်သူ ဦးခင်မောင်ရင် ကပြောသည်။

ကန်ဇွန်းဥသည် ကျန်းမာ ရေးဓာတ်စာအပြင် နှစ်သက်စွာ စားသုံးသူများပြားခြင်းကြောင့် ဈေးကွက် ဝယ်လိုအားကောင်းနေပြီး လက်လီဈေးကွက်၌ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ ဝန်းကျင် ရောင်းချကြကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/20/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%80%e1%80%94%e1%80%ba%e1%80%87/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5分钟前
下一篇 3分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....