ရန်ကုန်မှာ၁.၁၅ဘီလီယံတန်ဖိုးရှိမူးယစ်ဆေးဝါးများဖမ်းမိ

ရန်ကုန်မှာ ငွေကျပ် ၁ ဒသမ ၁၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်မှာ၁.၁၅ဘီလီယံတန်ဖိုးရှိမူးယစ်ဆေးဝါးများဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်တွင် ငွေကျပ် ၁ ဒသမ ၁၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၆ ကီလို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်၊ ရွှေလီ(၁)လမ်းတွင် အောင်ကျော်ထွန်း(ခ)အောင်ဟိန်း မောင်းနှင်ပြီး တင်ကိုလတ် လိုက်ပါလာသည့် TOYOTA MARK II မော်တော် ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၃၀ ကီလို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေး ဖော်ထုတ်ချက်အရ မွန်းလွဲ ၁၂ နာရီခွဲအချိန် ဖမ်းဆီးရမိတရားခံ အောင်ကျော်ထွန်း (ခ) အောင်ဟိန်း နေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းရှိ နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၆ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့၍ စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၁၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၆ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/10/%e1%80%9b%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac%e1%81%81-%e1%81%81%e1%81%85%e1%80%98%e1%80%ae%e1%80%9c%e1%80%ae%e1%80%9a%e1%80%b6%e1%80%90%e1%80%94%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 7月 8, 2023 9:09 上午
下一篇 7月 10, 2023 11:21 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....