ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)

ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဗဟိုချက်တစ်ခုဖြစ်တဲ့ ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)

ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)

ကျွန်တော်တို့အဖွဲ့ဟာ Kashi မြို့ ပြစီမံခန့်ခွဲရေးနဲ့ကာကွယ်ရေး အထိမ်းအမှတ်ခန်းမ၊ Kashi ရှေးဟောင်းမြို့ ထိန်းသိမ်းရေးနဲ့စီမံခန့်ခွဲမှုပြတိုက်ကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။ ယခင်နဲ့ယခု အပြောင်းအလဲတွေ၊ ကာကွယ်ထိန်းသိမ်းခဲ့ရတာတွေ၊ ရှေးယခင်က ပုံစံတွေကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ လေ့လာကြရပါတယ်။

အဲဒီကနေ ၁၅ရာစုကတည်းကရှိခဲ့တဲ့ Etigarh ဗလီကို သွားရောက်လည်ပတ်ပါတယ်။ ဆက်ပြီးတော့ Kashi ရှေးဟောင်းမြို့မှာရှိတဲ့ ရာစုနှစ်တစ်ခုရှိ ရှေးလက်ဖက်ရည်ဆိုင်ကို သွားရောက်လည်ပတ်ပါတယ်။ ဖျော်ဖြေရေးနဲ့ အပြင်အဆင်တွေက မဖြစ်မနေသွားရောက်သင့်တဲ့နေရာတစ်ခုအဖြစ် ညွန်းဆိုနေပါတယ်။

ဒုတိယနေ့ဖြစ်တဲ့ အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ Kashi မြို့ကနေ ၄ကီလိုမီတာလောက်ဝေးတဲ့稻香泉村Daoxiang ကျေးရွာကို သွားရောက်လည်ပတ်လေ့လာပါတယ်။ Daoxiang ကျေးရွာက Kizi မြစ်နဲ့ Tiannan Weiqike မြစ်အကြားမှာ တည်ရှိပြီး ထူးခြားတဲ့ ပထဝီဝင် အားသာချက်တွေ၊ ရေအရင်းအမြစ်တွေ ကြွယ်ဝပြီး သာယာတဲ့ ဂေဟစနစ် ရှိပါတယ်။ ရွာကိုဖြတ်သန်းစီးဆင်းနေတဲ့ စမ်းရေများစွာ စိမ့်ဝင်နေတာကြောင့် ရွာကိုဖြတ်ပြီး ရေသွယ်တန်းတဲ့ စနစ်ငယ်နှစ်ခုက သဘာဝအတိုင်း ဖွဲ့စည်းနေတာမို့ ကြည်လင်သောရေ စိမ်းလန်းသောသစ်ပင်များနဲ့ သာယာလှပတဲ့ ရှုခင်းများရှိတဲ့ နေချင့်စရာကျေးရွာဖြစ်ပါတယ်။ ဒီကျေးရွာက အခုအချိန်မှာ ဖော်ရွေတဲ့ကျေးလက်ဒေသခံတွေရဲ့အပြုံးနဲ့စောင့်ကြိုနေတဲ့ အလည်အပတ်ရောက်သင့်တဲ့ ရှုခင်းသာနေရာလေးတစ်ခု ဖြစ်လို့နေပါပြီ။

ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၂)

အဲဒီကတဆင့် မိုးမခပင်တွေကြားက ကားနဲ့ဖြတ်မောင်းလာပြီး မျက်စိတဆုံးရှိတဲ့ စပါးခင်းဆီကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ၂၀၁၈ ခုနှစ်က စမ်းသပ်စိုက်ပျိုးခဲ့တဲ့ ပင်လယ်ရေဆန်လို့ခေါ်တဲ့ ဆားငန်ရည် အယ်ကာလီခံနိုင်ရည်ရှိတဲ့ဆန်ရဲ့ သုတေသနရလဒ်တွေကို တွေ့မြင်ရမှာဖြစ်ပြီး ပင်လယ်ရေဆန် မျိုးကွဲ ၂၄ မျိုးစမ်းသပ်စိုက်ပျိုးထားပါတယ်။ ဒီစီမံကိန်းက စားနပ်ရိက္ခာဖူလုံရေး၊ ဂေဟစနစ်ယဉ်ကျေးမှု တည်ဆောက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနဲ့ ကျေးလက်ဒေသပြန်လည်ထူထောင်ရေးစတဲ့ အမျိုးသား မဟာဗျူဟာကို အထောက်အကူဖြစ်စေပါတယ်။

ဆက်လက်ပြီးတော့ 疏勒县Shule County ဆိုတဲ့ခရိုင်မြို့ကိုသွားရောက်ပြီး水发现代蔬菜产业园Shuifa ခေတ်မီဟင်းသီးဟင်းရွက်စက်မှုဥယျာဉ်ကို သွားရောက်လေ့လာခဲ့ပါတယ်။ ခေတ်မီဟင်းသီးဟင်းရွက် စက်မှုဥယျာဉ်က ဧရိယာ တရုတ်ဧက ၄၇၁၁ ရှိပြီး ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၁.၀၆ ဘီလီယံဖြစ်တယ်လို့ သိရပါတယ်။ စက်မှုဥယျာဉ်မှာ ခေတ်မီနောက်ဆုံးပေါ်သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ ထိရောက်တဲ့ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်ခြင်း အပါအဝင် လုပ်ငန်းလည်ပတ်မှု နယ်ပယ် ရှစ်ခု ပါဝင်ပါတယ်။ စမတ်ဖန်လုံအိမ်စိုက်ခင်းတွေ၊ ပျိုးခင်းစင်တာတွေနဲ့ နေရောင်ခြည်စွမ်းအင်သုံး ဖန်လုံအိမ် ၁၀၀၀ ရှိတယ်။ ကျွန်တော်တို့အဖွဲ့က ခေတ်မီဟင်းသီးဟင်းရွက် စက်မှုဥယျာဉ်ထဲက သုတေသနစင်တာ၊ စမတ်ဖန်လုံအိမ်စိုက်ခင်းထဲမှာ ဝန်ထမ်းတွေ အလုပ်လုပ်နေတာတွေကို လေ့လာခဲ့ရပါတယ်။

သည်နောက်မှာတော့ နိုင်ငံတော်ရဲ့ ခရီးသွားဆွဲဆောင်မှုအဆင့် 4A ရှိတဲ့香妃园景区Xiangfei ဥယျာဉ်ရှုခင်းသာဧရိယာကို သွားရောက်ပါတယ်။ အဲဒီမှာ ကြိုဆိုရေးအခမ်းအနားတင်ဆက်မှုရှိပြီး ထူးခြားတဲ့ ရိုးရာဓလေ့နဲ့ယဉ်ကျေးမှုကို အနီးကပ်လေ့လာခွင့်ရခဲ့ပါတယ်။ မွေးဖွားချိန်မှသေဆုံးချိန်ထိ Xiangfei ရဲ့ ဒဏ္ဍရီပုံပြင်၊ မြင့်မြတ်တဲ့မင်းသမီးရဲ့ လူပေါင်းများစွာကချစ်ခင်နှစ်သက်တဲ့ပုံပြင်၊ ရှေးခေတ်ရေစက် အချစ်ဇာတ်လမ်း၊ ရိုးရာမင်္ဂလာဆောင်စတာတွေကို ထူးခြားတဲ့တင်ဆက်မှုတွေနဲ့ သရုပ်ဖော်သွားကြတာကို မြင်တွေ့လေ့လာခွင့်ရတာလည်း ဖြစ်ပါတယ်။ 香妃园景区Xiangfei ဥယျာဉ်ရှုခင်းသာဧရိယာမှာ ရှေးရိုးရာ ဗိသုကာလက်ရာဒီဇိုင်းတွေနဲ့ တည်ဆောက်ထားတဲ့ ဘာသာရေးအဆောက်အအုံ၊ အခင်းအကျင်းတွေနဲ့အတူ ခေတ်မီတဲ့အသုံးအဆောင်တွေနဲ့ပေါင်းစပ်ထားတဲ့ မြင်ကွင်းတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ လေယာဉ်နဲ့ ရှင်းကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ 阿克苏地区 Aksu မြို့ကို ဆက်ပြီး သွားကြရပါတယ်။ လေယာဉ်နဲ့ နှစ်နာရီလောက် စီးရပါတယ်။ တည်းခိုမယ့် Aksu မြို့ဧည့်ဂေဟာကို ရောက်ရောက်ချင်း စားချင်စဖွယ် ပန်းသီး နဲ့ကြိုဆိုနေတယ်။ Aksu မြို့ကလည်း ရှေးဟောင်းပိုးလမ်းမပေါ်မှာ အရေးကြီးတဲ့မှတ်တိုင်နေရာတစ်ခုဖြစ်ပြီး ပိုးလမ်းမတစ်လျှောက် ရှုခင်းသာများနဲ့ သမိုင်းဝင်နေရာများစွာ ရှိပါတယ်။

ဆက်လက်ဖော်ပြပါမည်

ဘဦး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/15/%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%9c%e1%80%8a%e1%80%ba%e1%80%90%e1%80%85%e1%80%ba-3/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 22小时前
下一篇 10小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....