တရုတ် – မြန်မာပေါက်ဖော် မီဒီယာဖလှယ်ရေးအစည်းအဝေးသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ တက်ရောက်ခဲ့

တရုတ် – မြန်မာပေါက်ဖော် မီဒီယာဖလှယ်ရေးအစည်းအဝေးသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ တက်ရောက်ခဲ့

တရုတ် - မြန်မာပေါက်ဖော် မီဒီယာဖလှယ်ရေးအစည်းအဝေးသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ တက်ရောက်ခဲ့

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Kumming Yundi Behavior & Health Research Centre ၏ ဖိတ်ကြား ချက်အရ (၂၀၂၃) ခုနှစ် တရုတ် – မြန်မာပေါက်ဖော် မီဒီယာဖလှယ်ရေးအစည်းအဝေးသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) ဦးဆောင်သည့် အဖွဲ့ဝင်ငါးဦး တက်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ် တရုတ် – မြန်မာ ပေါက်ဖော်မီဒီယာနှင့် ယဉ်ကျေးမှုဆိုင်ရာဖလှယ်ရေးအစည်းအဝေးကို ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် Kuming Jun Jiang Hotel ၌ ကျင်းပရာ တရုတ်နိုင်ငံဘက်မှ ယူနန်မင်စုတက္ကသိုလ်၊ ယူနန်တက္ကသိုလ်များရှိ အမျိုးသားရေး ဆိုင်ရာ လေ့လာရေးဌာန၊ သမိုင်းသုတေသနဌာန၊ မျက်စိသွေးကြောနှင့် မွေးရာပါနှလုံးရောဂါကုသမှု ဌာနများမှ ပါမောက္ခများနှင့် ယူနန်ရေဒီယိုနှင့် ရုပ်မြင်သံကြား ဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူများက ၎င်းတို့ကဏ္ဍအလိုက် နှစ်နိုင်ငံပေါင်းစပ်ဆောင်ရွက်ခဲ့မှုများနှင့် အနာဂတ်မျှော်မှန်းချက်များကို ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဆွေးနွေးရာတွင် တရုတ်နိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၅၆ မျိုး ရှိသကဲ့သို့ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၀ ကျော် ရှိပါကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံနည်းတူ တိုင်းရင်းသားများ အရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် မိမိနိုင်ငံအစိုးရက စွမ်းစွမ်းတမံ ဆောင်လျက်ရှိကြောင်း၊ ယခုကဲ့သို့ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် သတင်းမီဒီယာကိစ္စရပ်များ အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုအကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) ဦးဆောင်သည့် အဖွဲ့ဝင်ငါးဦးသည် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်နေ့ထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ကူမင်းမြို့၊ တာလီမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ လေ့လာရေးသွားရောက်ခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/14/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%96%e1%80%b1%e1%80%ac%e1%80%ba-%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 3小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....