သတင်းအချက်အလက်ဆိုင်ရာဗဟိုချက်မြန်မာကပူးပေါင်း

သတင်းအချက်အလက်ဆိုင်ရာ ဗဟိုချက်သည် တရုတ်-အာဆီယံ အသိုက်အဝန်းတစ်ခုကို ပိုမိုနီးကပ်စေသည့်အတွက် မြန်မာနိုင်ငံက တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိ

သတင်းအချက်အလက်ဆိုင်ရာဗဟိုချက်မြန်မာကပူးပေါင်း

သတင်းအချက်အလက်ဆိုင်ရာ ဗဟိုချက်သည် တရုတ်-အာဆီယံ အသိုက်အဝန်းတစ်ခုကို ပိုမိုနီးကပ်စွာ တည်ဆောက်ရာတွင် လွန်စွာအရေးကြီးသည့်အတွက် မိမိတို့ မြန်မာနိုင်ငံက တက်ကြွစွာပူးပေါင်း ဆောင်ရွက်နေပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူကျန်းမြို့တွင် နိုဝင်ဘာ ၈ ရက် ညနေပိုင်းက ကျင်းပသည့် ဒုတိယအကြိမ်မြောက် တရုတ်-အာဆီယံ သတင်းအချက်အလက် ဗဟိုချက်ဆိုင်ရာဆွေးနွေးပွဲ (The 2nd Dialogue on China- ASEAN Infor-mation Harbor) တွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲမှာ ပင်လယ်ပြာပူးပေါင်းဆောင်ရွက်မှု အသစ်တစ်ခုဖန်တီးခြင်း (Create a New Blue Ocean of Cooperation) ဆိုသည်ကို ဦးတည်ဆွေးနွေးမည်ဟု ယုံကြည်ပါကြောင်း၊ ပင်လယ်ပြာပူးပေါင်းဆောင်ရွက်မှု၏ ဆုံရပ် (သို့မဟုတ်) စုစည်းရာပလက်ဖောင်း တစ်ခုအနေဖြင့် China-ASEAN Infor-mation Harbor ဆိုသည့်ကွန်ရက်တစ်ခုကို အကျိုးရှိစွာ အသုံးပြုကြရမည်ဟု ယုံကြည်ပါကြောင်း၊ ဒစ်ဂျစ်တယ်ချိတ်ဆက်မှုမှတစ်ဆင့် ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ e-Government တည်ဆောက်ရေး၊ ဒစ်ဂျစ်တယ်အသုံးပြု ပြည်သူ့ရေးရာဝန်ဆောင်မှုများ ကျယ်ပြန့်စွာ ဖြစ်ထွန်းရေး၊ နယ်စပ်ဖြတ်ကျော် သတင်းအချက်အလက်စီးဆင်းရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူအချင်းချင်း ချိတ်ဆက်မှုမြှင့်တင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အထောက်အကူပြုရေး စသည့် နယ်ပယ်အသီးသီးတွင် မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ကြမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲကို “ဒစ်ဂျစ်တယ် ဂေဟဗေဒအသစ် တည်ဆောက်ခြင်း၊ ပင်လယ်ပြာပူးပေါင်းဆောင်ရွက်မှု အသစ်တစ်ခုဖန်တီးခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဒစ်ဂျစ်တယ်ဂေဟဗေဒသစ်ဆိုသည်မှာ ဒစ်ဂျစ်တယ်နည်းပညာများ၊ ပလက်ဖောင်းများနှင့် အပြန်အလှန် အကျိုးပြုမှုများကြားတွင် လိုက်လျောညီထွေဖွဲ့စည်းထားသည့် ဂေဟစနစ်တစ်ခု ဖြစ်ကြောင်းသိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/07/%e1%80%9e%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%81%e1%80%bb%e1%80%80%e1%80%ba%e1%80%a1%e1%80%9c%e1%80%80%e1%80%ba%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ac%e1%80%97/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 23小时前
下一篇 4小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....