မြန်မာရှိ “Belt and Road” အရေးပါစီမံကိန်းများကိုလေ့လာ

တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong မြန်မာနိုင်ငံရှိ “Belt and Road” အရေးပါစီမံကိန်းများကို သွားရောက်လေ့လာ

မြန်မာရှိ “Belt and Road” အရေးပါစီမံကိန်းများကိုလေ့လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong သည် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော “Belt and Road” အရေးပါစီမံကိန်းများကို သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong ၏ မြန်မာနိုင်ငံသို့ ခရီးစဉ်အတွင်း တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း အပါအဝင် တရုတ်-မြန်မာအတူတည်ဆောက်သော “Belt and Road” အရေးပါစီမံကိန်းများကို သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။

မြန်မာရှိ “Belt and Road” အရေးပါစီမံကိန်းများကိုလေ့လာ

အဆိုပါစီမံကိန်းများသို့ သွာရောက်လေ့လာရာတွင် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

Mr. Nong Rong က တရုတ်နိုင်ငံသည် “Belt and Road” ပူးပေါင်းဆောင်ရွက်မှုများကို အရည်အသွေးမြင့်ဖော်ဆောင်ကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှု နက်ရှိုင်းလာစေရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/07/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%9b%e1%80%be%e1%80%ad-belt-and-road-%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%95%e1%80%ab%e1%80%85%e1%80%ae%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 34分钟前
下一篇 31分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....