(၁၀)ကြိမ်မြောက်မဲခေါင်-လန်ချန်းအစည်းအဝေးကျင်းပ

(၁၀)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး နေပြည်တော်တွင် ကျင်းပ

(၁၀)ကြိမ်မြောက်မဲခေါင်-လန်ချန်းအစည်းအဝေးကျင်းပ

(၁၀)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာလ ၃ ရက်တွင် နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ် သံလွင်ခန်းမ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌ ဖြစ်သည့် တရုတ်နိုင်ငံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက် နှင့် တရုတ် နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

(၁၀)ကြိမ်မြောက်မဲခေါင်-လန်ချန်းအစည်းအဝေးကျင်းပ

(၁၀)ကြိမ်မြောက်မဲခေါင်-လန်ချန်းအစည်းအဝေးကျင်းပ

အစည်းအဝေး၌ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနှင့် တရုတ်နိုင်ငံတို့က အဖွင့် အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိကြီးများက မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် သုံးသပ်ကာ၊ အနာဂတ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရန်နှင့် ဒေသတွင်း နိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ အဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/07/%e1%81%81%e1%81%80%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%b2%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba-%e1%80%9c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 15, 2023 3:14 下午
下一篇 36分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....