(ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှု လုပ်ငန်းစတင်

(ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှု လုပ်ငန်းစတင်

(ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှု လုပ်ငန်းစတင်

Industrial and Commercial Bank of China (ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ယွမ်ငွေပေးချေမှုစနစ် (CIPS) တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။

ICBC ရန်ကုန်ဘဏ်ခွဲသည် CIPS စနစ်တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် ပါဝင်ခြင်းကို ဂုဏ်ပြုခဲ့ပြီး နှစ်နိုင်ငံဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရေးနှင့် တရုတ်-မြန်မာကုန်သွယ်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အကျိုးရှိကြောင်း သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာတွင် ပြောကြားခဲ့သည်။

(ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှု လုပ်ငန်းစတင်

ICBC ရန်ကုန်ဘဏ်ခွဲသည် အောက်တိုဘာလ ၁၈ ရက်နေ့တွင် CIPS စနစ်နှင့် အောင်မြင်စွာ ချိတ်ဆက်ခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံး CIPS တိုက်ရိုက်ဘဏ်အဖွဲ့ဝင်အနေဖြင့် နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ယွမ်ငွေပေးချေမှုလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နှင့် အကြီးဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနိုင်ငံ ဖြစ်ကြောင်း၊ CIPS စနစ်နှင့်ချိတ်ဆက်ခြင်းသည် မြန်မာ-တရုတ် နှစ်ဖက်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်၍ သက်ဆိုင်ရာဆုံးရှုံးနိုင်ခြေများကို လျှော့ချပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာနှစ်နိုင်ငံက ယွမ်ငွေဖြင့် နယ်စပ်ကုန်သွယ်ရေးကို စာရင်းရှင်းလင်းသည့်စနစ်ကို ၂၀၂၁ ခုနှစ်တွင် စတင်ထူထောင်ပြီးနောက် ယခုအခါ CIPS စနစ်ကို မြန်မာနိုင်ငံ၌ စတင်အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/11/15/icbc-%e1%80%9b%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%98%e1%80%8f%e1%80%ba%e1%80%81%e1%80%bd%e1%80%b2%e1%81%8f-%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%96/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 2, 2023 9:21 下午
下一篇 11月 15, 2023 3:14 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....