ယနေ့ခေတ်ကာလ အိမ်ထောင်ရေး ရွှေလက်မြဲဖို့ ကိုယ်စီ အရည်အချင်းပြည့်ဝဖို့လိုအပ်လာ

ယနေ့ခေတ်ကာလ အိမ်ထောင်ရေး ရွှေလက်မြဲဖို့ ကိုယ်စီ အရည်အချင်းပြည့်ဝဖို့လိုအပ်လာ

ယနေ့ခေတ်ကာလ အိမ်ထောင်ရေး ရွှေလက်မြဲဖို့ ကိုယ်စီ အရည်အချင်းပြည့်ဝဖို့လိုအပ်လာ

အိမ်ထောင်ပြုကြမည့် သတို့သား၊ သတို့သမီးတို့သည်လည်းကောင်း အိမ်ထောင်ရှင်တို့တို့သည်လည်းကောင်း ကိုယ်စီ အရည်အချင်းပြည့်ဝနေမှသာ ရွှေလက်မြဲပြီး သာယာသည့်အိမ်ထောင်ရေးကို ပိုင်ဆိုင်ကြရမည် ဖြစ်ကြောင်း စာရေးဆရာ ကျော်သက်ခိုင်(မုံရွာ) က ယနေ့ခေတ်ကာလ အိမ်ထောင်ရေးအခြေအနေကို သုံးသပ်ပြောကြားသည်။

“မြန်မာ့အိမ်ထောင်မှုဟာ နယ်ကျယ်ပါတယ်။ အိမ်ထောင်မှုပြုကြတာဟာ ရှေးကတည်းက အခုထိ ဆောင်ရွက်ခဲ့ကြတာပါ။ အိမ်ထောင်မှုတည်ဆောက်တဲ့အခါ အမျိုးသား၊ အမျိုးသမီးတွေဟာ ခိုင်ခံ့ တည်ကြည်တဲ့ အိမ်ထောင်မှု၊ ရာသက်ပန် ရွှေလက်တွဲ ဖြတ်သန်းကြဖို့လိုပါတယ်။ ယောင်္ကျားလေးမှာလည်း အရည်အချင်းရှိဖို့လိုသလို မိန်းကလေးမှာလည်း အရည်အချင်းပြည့်ဝဖို့ လိုပါတယ်” ဟု ဦးကျော်သက်ခိုင် ကပြောသည်။

ယနေ့ခေတ်ကာလ အိမ်ထောင်ရေး ရွှေလက်မြဲဖို့ ကိုယ်စီ အရည်အချင်းပြည့်ဝဖို့လိုအပ်လာ

မြန်မာ့အိမ်ထောင်မှု အစပိုင်းကာလများက အမိအဖတို့ ဆန္ဒအတိုင်း လိုက်နာခဲ့ကြသော်လည်း ယခုအချိန်တွင် မိဘတွေအသိပေး၊ သဘောတူညီမှု သာမာန်သာ ခွင့်တောင်းပြီး သားသမီးများ ဆန္ဒကို လိုက်လျောကြသည်ကများလာသည်။ ထိုသို့ဖြစ်ပေါ်လာသည့် မိသားစုအိမ်ထောင်ရေးသည် အကြောင်းတစ်ခုခုကြောင့် တစ်ယောက်နှင့်တစ်ယောက် အပြောအဆို အနေအထိုင် မတူညီသည်များ တွေ့သည့်အခါ ညှိယူပြီး သူနှင့်ကိုယ်၊ လင်နှင့်မယား၊ ယောင်္ကျားနှင့်မိန်းမ၊ အမျိုးသားနှင့်အမျိုးသမီးများသည် ဘဝတွင် ရွှေလက်တွဲသွားကြမည်ဆိုလျှင် မြန်မာ့ဓလေ့ထုံးစံများအရ အင်မတန်နှစ်မြို့ဖွယ်ကောင်းသည့် အမျိုးကောင်းသားသမီးများ ဖြစ်လာကြမည်ဖြစ်ကြောင်း ဦးကျော်သက်ခိုင်က အကြံပြုပြောကြားသည်။

“ဘဝတစ်ခုတည်ဆောက်တဲ့နေရာမှာ အစကောင်းပြီး အနှောင်းသေချာဖို့ဆိုရင် မိမိနဲ့ထပ်တူကျ လိုက်လျောညီထွေရှိမယ့် အမျိုးသားကိုရွေးချယ်ရသလို အမျိုးသမီးကိုလည်း ရွေးချယ်ကြဖို့လိုပါတယ်။ မိဘလက်ထဲမှာ ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်၊ ထမင်းပွဲရှေ့ရောက်စားခဲ့ကြတဲ့ မြန်မာအမျိုးသမီးလေးတွေဟာ အိမ်ထောင်တစ်ခု တည်ဆောက်ကြတော့မယ်ဆိုရင် ကိုယ့်ကိုကိုယ်ပဲ အားကိုးကြရပါလိမ့်မယ်။ မိဘကိုချည်း အားကိုးနေလို့ မဖြစ်ပါဘူး။ ဒီကနေ့အိမ်ထောင်မှုကိစ္စတွေဟာ အရင်ကထက် ကျယ်ပြန့်လာ နက်ရှိုင်းလာတယ်။ ဒါကြောင့် ဒီနေ့တည်ဆောက်ကြမယ့် အိမ်ထောင်ရေးဘဝကို လက်တွေ့ဆောင်ရွက်ကြမယ်ဆိုရင် မယ်တစ်ရွက် မောင်တစ်ထမ်း ညီတူဖို့လိုပါတယ်။ တစ်ယောက်တစ်မျိုး၊ တစ်ယောက်တစ်လမ်း လျှောက်နေကြမယ်ဆိုရင် မြန်မာ့အိမ်ထောင်မှုဟာ သာယာတဲ့အိမ်ထောင်မှု မဖြစ်နိုင်ပါဘူး။ မိသားစုအိမ်ထောင်ရေး သာယာဖို့က အဓိကပါ” ဟု ဦးကျော်သက်ခိုင် က အကြံပြုပြောကြားသည်။

မြန်မာ့အိမ်ထောင်ရေး အစဥ်အလာကြည့်လျှင် ရှေးခေတ်ကတည်းက ယနေ့ခေတ်အထိ တစ်လင်တစ်မယားစနစ်ကို လက်ခံထားရာ အကြောင်းကြောင်းကြောင့် ကွဲကွာ၊လမ်းခွဲကြမည် ဆိုလျှင် ကျန်သည့်ဘဝကို သိက္ခာရှိစွာဖြင့် တည်ဆောက်ကြရန် လိုအပ်ကြောင်းလည်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/07/%e1%80%9a%e1%80%94%e1%80%b1%e1%80%b7%e1%80%81%e1%80%b1%e1%80%90%e1%80%ba%e1%80%80%e1%80%ac%e1%80%9c-%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 36分钟前
下一篇 34分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....