တပ်မတော်အနေဖြင့် စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေ ပြောကြား

တပ်မတော်အနေဖြင့် စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေ ပြောကြား

တပ်မတော်အနေဖြင့် စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေ ပြောကြား

လတ်တလောဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဖြစ်စဉ်များနှင့် ဆက်စပ်ပြီး တပ်မတော်အနေဖြင့် စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း၊ ယခုကိစ္စသည် သေသေချာချာ စနစ်တကျ ကိုင်တွယ်သွားရန်လိုကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့် ရခိုင်တပ်တော် (ULA/AA) တို့က ၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားသော စစ်ဆင်ရေးကြေညာပြီး အောက်တိုဘာ ၂၇ ရက်မှစတင်ပြီး တိုက်ခိုက်နေကြခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)ကို နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေ ပြောကြားတပ်မတော်အနေဖြင့် စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေ ပြောကြားတပ်မတော်အနေဖြင့် စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေ ပြောကြား

အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာ၏အစမှာ မူးယစ်ဆေးဝါးပြဿနာပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြဿနာ၏ အရင်းအမြစ်ဖြစ်သည့် မူးယစ်ဆေးဝါးအမြစ်ပြတ်နှိမ်နင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေတို့ တက်ရောက်ကြကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/07/%e1%80%90%e1%80%95%e1%80%ba%e1%80%99%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%a1%e1%80%94%e1%80%b1%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%85/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 31分钟前
下一篇 28分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....