တရုတ်နိုင်ငံအကြောင်း မိတ်ဆက်စာအုပ် လှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ တရုတ်နိုင်ငံအကြောင်း မိတ်ဆက်ပေးသည့်စာအုပ်နှင့် ရုပ်သံတိပ်ခွေများ လှူဒါန်း

တရုတ်နိုင်ငံအကြောင်း မိတ်ဆက်စာအုပ် လှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) တရုတ်နိုင်ငံအကြောင်း မိတ်ဆက်ပေးသည့်စာအုပ်နှင့် ရုပ်သံတိပ်ခွေများကို ဒီဇင်ဘာလ ၁၃ ရက်နေ့က လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing သည် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) သို့ အလည်အပတ်သွားရောက်ခဲ့စဉ် လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

တရုတ် သံမှူးကြီး သည် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင် အပါအဝင် တက္ကသိုလ်မှ ကိုယ်စားလှယ်အရာရှိများနှင့်အတူ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်ခဲ့ပြီး တရုတ်ဘာသာဌာန၌ ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။

ထို့အတူ သံမှူးကြီး Ms. Cao Jing က YUFL ရှိ တရုတ်နိုင်ငံမှ ပညာတော်သင် ကျောင်းသား ကျောင်းသူများနှင့်လည်းတွေ့ဆုံခဲ့ကာ စာကြိုးစားကြပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးသံတမန် အဖြစ် ထမ်းဆောင်ရန် အားပေးစကားပြောကြားခဲ့သည်။

သံမှူးကြီး Ms. Cao Jing က တရုတ်-မြန်မာ နှစ်နိုင်ငံသည် ပထဝီတည်နေရာချင်းနီးစပ်ကာ ပြည်သူအချင်းချင်းချစ်ခင်ရင်းနှီးပြီး ယဉ်ကျေးမှုချင်းတူညီကြောင်း၊ တရုတ်သံရုံးက တရုတ်-မြန်မာ ပညာရေးပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှုကူးလူးဖလှယ်မှုတို့ကို အလွန် အလေးထားကြောင်း၊ YUFL နှင့်အတူ အဆင့်မြင့်ပညာရေး၊ ဘာသာစကားလေ့ကျင့်သင်ကြားရေး၊ လူငယ်အချင်းချင်း ကူးလူးဖလှယ်ရေး၊ ယဉ်ကျေးမှုသုတေသနလေ့လာရေး စသည့်ကဏ္ဍများတွင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အုပ်တစ်ချပ်သဲတစ်ပွင့် ဖြည့်ပေးလိုကြောင်း ပြောကြားခဲ့သည်။

YUFL ဘက်က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စာအုပ်လှူဒါန်းမှုကို ကျေးဇူးတင်ရှိ၍ နှစ်နိုင်ငံပညာရေးကူးလူးဖလှယ်မှုအပေါ် အပြုသဘောဆောင်စွာချီးကျူးကာ တရုတ်နိုင်ငံမှ မိတ်ဖက်တက္ကသိုလ်ကျောင်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို နောက်တစ်ဆင့်တိုးမြှင့်၍ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအား နက်ရှိုင်းသွားစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/20/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8-%e1%80%99%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2天前
下一篇 13小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....