လန်ချန်း-မဲခေါင်နိုင်ငံများ ပူးပေါင်းရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားအတွက် မြန်မာနိုင်ငံကိုယ်စားပြု ရိုက်ကူးထုတ်လုပ်မည့်သူဖိတ်ခေါ်လျက်ရှိ

လန်ချန်း-မဲခေါင်ဒေသတွင်းနိုင်ငံများ ပူးပေါင်းရိုက်ကူးထုတ်လုပ်မည့် “The Great Oriental River” ရုပ်ရှင်ဇာတ်ကားအတွက် မြန်မာနိုင်ငံကိုယ်စားပြု ရိုက်ကူးထုတ်လုပ်မည့်သူများအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နိုင်ငံတကာဆက်ဆံရေးကော်မတီက ဇန်နဝါရီလ ၁၉ ရက်နေ့ရက်စွဲဖြင့် ကြေညာချက်ထုတ် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ“The Great Oriental River” ရုပ်ရှင်ဇာတ်ကား ပူးပေါင်း ရိုက်ကူးထုတ်လုပ်မှုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက အဓိကပံ့ပိုးထားပြီး လန်ချန်း-မဲခေါင် ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့က တစ်နိုင်ငံလျှင် မိနစ်(၂၀)စာ ဇာတ်လမ်းတစ်ခု ရိုက်ကူးပေးရမည်ဖြစ်သည်။

ဇာတ်လမ်းအတွက် ရိုက်ကူးထုတ်လုပ်မှု ကုန်ကျစရိတ်ကို သတ်မှတ်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး မတ်လ ၅ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/22/%e1%80%9c%e1%80%94%e1%80%ba%e1%80%81%e1%80%bb%e1%80%94%e1%80%ba%e1%80%b8-%e1%80%99%e1%80%b2%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 22, 2024 10:06 上午
下一篇 1月 22, 2024 10:09 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....