မန္တလေးမြို့က အထင်ကရ ပန်းချီဆရာကြီးတစ်ဦးဖြစ်သည့် ဦးဇော်ဝင်း(သစ်ထွင်း) ကွယ်လွန်

မန္တလေးမြို့က အထင်ကရ ပန်းချီဆရာကြီးတစ်ဦးဖြစ်သည့် ဦးဇော်ဝင်း(သစ်ထွင်း) ကွယ်လွန်

မန္တလေးမြို့က အထင်ကရ ပန်းချီဆရာကြီးတစ်ဦးဖြစ်သည့် ဦးဇော်ဝင်း(သစ်ထွင်း) ကွယ်လွန်

တရုတ်နိုင်ငံ ဗဟိုပန်းချီပန်းပုအနုပညာသိပ္ပံတွင် သစ်ထွင်းပုံနှိပ်ပန်းချီပညာကိုသင်ယူခဲ့ဖူးသော မန္တလေးမြို့က အထင်ကရ ပန်းချီဆရာကြီးတစ်ဦးဖြစ်သည့် ဦးဇော်ဝင်း(သစ်ထွင်း)(၈၀နှစ်)သည် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကွယ်လွန်သွားပြီး ဇန်နဝါရီလ ၂၆ ရက်နေ့က အေးရိပ်ငြိမ်သုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ၏ ပထမဆုံး ပန်းချီဌာနမှူး ဖြစ်ခဲ့သည့် ပန်းချီဆရာကြီး ဦးဇော်ဝင်း(သစ်ထွင်း)ကို ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ကျိုက်ပိကျေးရွာတွင် ၁၉၄၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ငယ်စဥ်က မိသားစုနှင့်အတူရောက်ရှိခဲ့ကာ ၁၉၆၂ ခုနှစ်တွင် ရန်ကုန် ပန်းချီပန်းပုကျောင်းကို တက်ရောက်ခဲ့သည်။

မန္တလေးမြို့က အထင်ကရ ပန်းချီဆရာကြီးတစ်ဦးဖြစ်သည့် ဦးဇော်ဝင်း(သစ်ထွင်း) ကွယ်လွန် မန္တလေးမြို့က အထင်ကရ ပန်းချီဆရာကြီးတစ်ဦးဖြစ်သည့် ဦးဇော်ဝင်း(သစ်ထွင်း) ကွယ်လွန် မန္တလေးမြို့က အထင်ကရ ပန်းချီဆရာကြီးတစ်ဦးဖြစ်သည့် ဦးဇော်ဝင်း(သစ်ထွင်း) ကွယ်လွန်

၁၉၆၄ခုနှစ်တွင် နိုင်ငံတော်ပညာသင်ဆုရပြီး တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် နိုင်ငံခြားဘာသာသိပ္ပံ၌ ဘာသာစကား တစ်နှစ်သင်ယူခဲ့ပြီး ဗဟိုပန်းချီပန်းပုအနုပညာသိပ္ပံတွင် သစ်ထွင်းပုံနှိပ်ပန်းချီပညာကို တစ်နှစ်ကျော် သင်ယူခဲ့သည်။ ထိုစဉ်က တရုတ်ပြည်၏ ယဉ်ကျေးမှုတော်လှန်ရေးဂယက်ကြောင့် ကျောင်းမပြီးခဲ့ဘဲ ၁၉၉၁ ခုနှစ်တွင် ပညာသင်ခရီးကို ပြန်ဆက်ခဲ့ကာ ကျောက်ပုံနှိပ်ပန်းချီပညာကို သင်ကြားတတ်မြောက်ခဲ့သည်။

ပန်းချီဆရာကြီး ဦးဇော်ဝင်း (သစ်ထွင်း)သည် သစ်ထွင်းပန်းချီအပါအဝင် ပန်းချီပြပွဲပေါင်းများစွာ ပြုလုပ်ခဲ့သည့်အပြင် သစ်ထွင်းပုံနှိပ်ပန်းချီလက်ရာများသာမက ဆီဆေးပန်းချီ၊ ရေဆေးပန်းချီ လက်ရာမွန်များကိုလည်း အများအပြား ဖန်တီးရေးဆွဲခဲ့ကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/28/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%80-%e1%80%a1%e1%80%91%e1%80%84%e1%80%ba%e1%80%80%e1%80%9b-%e1%80%95%e1%80%94%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 37分钟前
下一篇 34分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....