မြန်မာ-လာအို ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်

ကိုဗစ်ကာလက ပိတ်ထားတဲ့ မြန်မာ-လာအို ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်

မြန်မာ-လာအို ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်

မြန်မာ-လာအို နှစ်နိုင်ငံ နယ်စပ်ဒေသကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားကို ဇန်နဝါရီလ ၂၅ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပသည့် မြန်မာ-လာအို ချစ်ကြည်ရေးတံတားဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လုံနမ့်ထာ Province ၊ Vice Governor Mr.Sivillay PANKEO (မစ္စတာစီဗီးလိုင်းပန်ကရို) နှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာ-လာအို ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်

အဆိုပါ မြန်မာ-လာအို ချစ်ကြည်ရေးတံတားသည် ကိုဗစ်ကာလက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ၄ နှစ်ခန့်အကြာတွင် ပြန်လည်ဖွင့်လှစ်လိုက်ရာ ဇန်နဝါရီလ ၂၅ ရက်နေ့မှစ၍ နှစ်နိုင်ငံအကြား ကုန်ပစ္စည်းသာမက နှစ်နိုင်ငံ တစ်ဖက်နှင့်တစ်ဖက် သတ်မှတ်ထားသည့် အဝင်အထွက်စနစ် စာရွက်စာတမ်းများနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း တရားဝင် ဝင်ထွက်သွားလာနိုင်ပြီ ဖြစ်သည်။

လာအို-မြန်မာ ချစ်ကြည်ရေးတံတားကို အသုံးပြုကာ လာအိုနိုင်ငံနှင့်သာမက လာအိုနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း ကုန်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/28/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%9c%e1%80%ac%e1%80%a1%e1%80%ad%e1%80%af-%e1%80%81%e1%80%bb%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....